ပျော်ဘွယ်မြို့နယ် လူထူဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်း လုပ်ငန်းများ ၉၈ ရာခိုင်နှုန်းပြီးစီး

NCDDP’s Third Year Project Cycle Activities in Pyawbwe Completed 98 Percent

Mandalay, 13 October 2020, Development News TV

မန္တလေးတိုင်း ဒေသကြီး ရမည်းသင်း ခရိုင် ပျော်ဘွယ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်သော လူထု ဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်း ထောက်ပံ့ ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် စီမံကိန်း လုပ်ငန်းများအားလုံး ၉၈ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရှိရပါတယ်။

ထိုကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော စီမံကိန်း လုပ်ငန်းခွဲများမှ လမ်းတံတား ၁၂၉ ခု ၊ ရေရရှိရေး ၁၈ ခု၊ မီးလင်းရေး ၉၆ ခု၊ ပညာရေးဆိုင်ရာ အဆောက်အဦး ၃၈ ခု၊ ကျေးရွာ ဘက်စုံသုံး ခန်းမ ၃၂ ခုနှင့် အခြားလုပ်ငန်း ၄၈ ခု၊ စုစုပေါင်း လုပ်ငန်းခွဲ ၃၆၁ ခုကို ကျေးရွာ အုပ်စု ၇၅ အုပ်စုတွင် စီမံကိန်း ထောက်ပံ့ ရန်ပုံငွေကျပ် ၃၇၇၁ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါတယ်။

အဆိုပါ စီမံကိန်း လုပ်ငန်းများအား ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပါက ပျော်ဘွယ်မြို့နယ် အတွင်းရှိ ကျေးရွာ ၃၁၈ ရွာမှာ ကျေးလက်နေ ပြည်သူ ၂၄၄,၇၈၁ ဦးတို့၏ လူနေမှု အဆင့်အတန်းများ မြင့်မားလာတော့မှာ ဖြစ်ကြောင်းနှင့် လူထု ဗဟိုပြု စီမံကိန်း ပထမနှစ်၊ ဒုတိယနှစ် တတိယနှစ် စီမံကိန်း စက်ဝန်း အဖြစ် ကျေးရွာ ၃၁၈ ရွာတွင် ကျေးလက်အခြေခံ အဆောက်အဦး လုပ်ငန်းခွဲပေါင်း ၈၉၁ ခုအား စီမံကိန်း ထောက်ပံ့ငွေကျပ် ၉၀၆၅ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း ပျော်ဘွယ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်သီတာဝင်းစံ ထံမှ သိရှိရပါတယ်။

သတင်း - မောင်ခိုင် (ကျေးသီး)

Credit – Development News TV

#NCDDP, #DRD, #MOALI, #WorldBank

https://web.facebook.com/108312817273501/videos/396074698070667