သံတောင်ကြီး မြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေး နှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် Cash for Work စီမံကိန်း ကျေးရွာ ရွေးချယ်ပွဲ ကျင်းပ

Village Selection Meeting Held for Cash for Work Activities in Thandaunggyi for 2020-2021 Fiscal Year

Kayin, 25 November 2020, SkyNet Media Coverage

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီး မြို့နယ်မှာ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနကနေ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှာ အကောင်အထည်ဖော် ဆောင်ရွက်မယ့် Cash For Work (CFW) စီမံကိန်း ကျေးရွာ ရွေးချယ်ပွဲကို နိုဝင်ဘာလ ၂၄ ရက်နေ့ မနက်(၁၀)နာရီ က ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမမှာ ကျင်းပခဲ့ပါတယ်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောဗစ်တာခလိုက် ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်တို့က အမှာစကားတွေ ပြောကြားပြီး၊ မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက Cash for Work (CFW) စီမံကိန်း ကျေးရွာ ရွေးချယ်ခြင်း နှင့် ပတ်သက်ပြီး ရှင်းလင်း ပြောကြားပါတယ်။

အဲဒီ Cash for Work (CFW) စီမံကိန်း ကျေးရွာ ရွေးချယ်ပွဲမှာ ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးစောဗစ်တာခလိုက်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်နော်ခရစ္စထွန်း ၊ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစောလှမြင့် မဲဆန္ဒနယ် အမှတ်(၁) ၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစောဂျေအေဝင်းမြင့် မဲဆန္ဒနယ် အမှတ်(၂)၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်နဲ့ ဌာနဆိုင်ရာ တွေက စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ ၂၅ ရွာကို ရွေးချယ် ခဲ့ကြပါတယ်။

မြို့နယ်(ပြန်/ဆက်)

#CFW, #NCDDP, #DRD, #MOALI, #WorldBank

Credit – Ministry of Information