ကိုဗစ်-၁၉ စီပွားရေး ကုစားမှု အစီအစဉ် Cash for Work ဖြင့် ကနီမြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သည့် ဖွံ့ဖြိုးရေး လုပ်ငန်းများ ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီး

Cash for Work Activities under Covid-19 Economic Relief Plan Completed 100 Percent in Kani

Sagaing, 5 October 2020, Ministry of Information

ကနီ အောက်တိုဘာ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်အရ မြို့နယ်အတွင်းရှိ ရွာများ၌ Cash for Work စီမံကိန်းကို အကောင် အထည် ဖော် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများအားလုံး ၁၀၀ရာခိုင်နှုန်း ပြီးစီးခဲ့ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

Cash For Work စီမံကိန်း လုပ်ငန်းများကို လင်ပုန်းရည်ကျေးရွာ၊ ကင်းတောင်ကျေးရွာ၊ ပကားကျေးရွာ၊ အိုင်သားကျေးရွာနှင့် ပါဟဲကျေးရွာများမှာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

"Cash For Work စီမံကိန်း လုပ်ငန်းများကို ကျေးရွာလူထု ကိုယ်တိုင် ရွေးချယ်ခဲ့ပြီး စီမံကိန်း ကာလ အနေဖြင့် သုံးလ အတွင်း ပြီးစီးအောင် ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တာဟာ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ၎င်းတို့ကိုယ်တိုင် ဆောင်ရွက်စေပြီး လုပ်အားခငွေပေး ချေခြင်း ဖြင့် ဒေသခံပြည်သူများ နေ့ချင်း ဝင်ငွေရရှိသလို ကျေးရွာတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ကျန်စေခဲ့မှာဖြစ် တဲ့ စီမံကိန်း လုပ်ငန်းလည်းဖြစ်ပါတယ်။ Cash For Work စီမံကိန်းနဲ့ ကျေးရွာများမှာ ဆောင်ရွက်တဲ့ လုပ်ငန်းများကတော့ ကျေးရွာတွင်းလမ်း ဂျင်းမြေခင်းခြင်း၊ Boxculvet တည်ဆောက် ခြင်း၊ ကျေးရွာတွင်း လမ်းကွန်ကရစ်ခင်းခြင်း၊ လမ်းဘေး ကွန်ကရစ် ရေမြောင်း တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပါတယ်။ " ဟု မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မိုးမြင့်က ပြောပြသည်။

ခင်ဝင်းကြည်(ပြန်/ဆက်)

Credit – Ministry of Information

#CFW, #CERP, #DRD, #MOALI

https://www.moi.gov.mm/iprd/news/14716