မိုင်းဖြတ်၌ Cash for Work စီမံကိန်း ကျေးရွာနှင့် ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်း (VRFP) သို့ ကွင်းဆင်း စစ်ဆေး

မိုင်းဖြတ် သြဂုတ် ၁၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ နေပြည် တော် (ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးမောင်ဝင်းသည် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက် ၈နာရီခွဲက မိုင်းဖြတ်မြို့သို့ရောက်ရှိလာပြီး Cash for Work စီမံကိန်းဆောင်ရွက်သည့် ကျေးရွာနှင့် ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်း (VRFP) ကျေးရွာများသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ နေပြည်တော်(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ကျိုင်းတုံမှ ညွှန်ကြား ရေးမှူး ဒေါ်ညွှန့်ကြည်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ဆားလို့အုပ်စု၊ နမ့်ဟွေလုံကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခြင်းကြောင့် ကျေးလက်ဒေသပြည်သူများအား ၎င်းတို့၏ ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ကိုယ်တိုင်ဆောင်ရွက်စေ၍ လုပ်အားခ ထောက်ပံ့ပေးခြင်းဖြင့် ကျေးလက်နေ ပြည်သူများ ဝင်ငွေ ရရှိစေရန် ရည်ရွယ်၍ Cash For Work စီမံကိန်းထောက်ပံ့ငွေ (၁၀.၀၀)ကျပ်သန်းဖြင့် ဆောင်ရွက်သည့် လမ်းအရှည် ၆၀၀ ပေ၊ အကျယ်၃ပေ(၂လမ်းသွား)၊ ထု၆လက်မ ကွန်ကရစ်ခင်းခြင်း( Wheel Track) အမျိုးအစား ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ကျေးရွာနေ ပြည်သူများနှင့် တွေ့ဆုံကာ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းနှင့်အဖွဲ့သည် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာရုံးတွင် ဝန်ထမ်းများနှင့်တွေ့ဆုံကာ မိမိတို့ဦးစီးဌာနမှ အကောင်အထည် ဖော်ဆောင် ရွက်နေသည့် လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး၊ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေး တို့ကို လမ်းညွှန်မှာကြားပြီး ဝန်ထမ်းများ၏ စားဝတ်နေရေးများ အဆင်ပြေစေရေးအတွက် လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် နိုင်ငံတော်၏ကိုဗစ်-၁၉စီးပွားကုစားမှု အစီအစဉ်ကို အထောက်အကူပြုစေရေး အတွက် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) ဆောင်ရွက်သည့် ဆွပ်ပန်း(ရှမ်း)ကျေးရွာ ဘုန်းကြီး ကျောင်း၌ ကျေးရွာ နေပြည်သူများနှင့်တွေ့ဆုံပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းက ဆွပ်ပန်း (ရှမ်း)အတွက် ရန်ပုံငွေ ကျပ်သိန်း (၁၀၀)ကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါ်ညွှန့်ကြည်က ဆွပ်ပန်း (အာခါ) အတွက် ရန်ပုံငွေကျပ်သိန်း(၁၀၀)ကို လည်းကောင်း ကော်မတီဝင်များထံ လွှဲပြောင်းပေးအပ် ခဲ့သည်။ ထို့နောက် ကျေးရွာနေပြည်သူများ၏ တင်ပြချက်များအရ သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိရေး လုပ်ငန်းများ ဆောင်ရွက် ပေးနိုင်ရေးကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအေး(ပြန်/ဆက်)

#CERP, #CFW, #DRD, #MOALI

Ministry of Information

https://www.moi.gov.mm/iprd/news/3443