ပန်းတောင်းမြို့နယ် Cash for Work စီမံကိန်း ပြီးစီးမှုတွေကို တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေး

ပဲခူးတိုင်း ဒေသကြီး ပန်းတောင်းမြို့နယ် ပြည်ခရိုင် အုတ်ဖိုကျေးရွာနဲ့ တယ်ပင်ကြိုး ကျေးရွာတွေမှာ Cash for Work (CFW) စီမံကိန်းနဲ့ စီမံကိန်း လုပ်ငန်းခွဲတွေ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှုနဲ့ ဝယ်ယူရေးဖောင်တွေ၊ ဘဏ္ဍာရေးဖောင်တွေ၊ M & E ဖောင်တွေ ဖြည့်သွင်းထားရှိမှုတွေကို စက်တင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းက ခရိုင်ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဦးဟာ တာဝန်ရှိသူတွေနဲ့အတူ ကွင်းဆင်း ကြည့်ရှုတယ်လို့ သိရပါတယ်။

အုတ်ဖိုကျေးရွာနဲ့ တယ်ပင်ကြိုး ကျေးရွာတွေမှာ Cash for Work (CFW) စီမံကိန်းနဲ့ စီမံကိန်း လုပ်ငန်းခွဲတွေကို နိုင်ငံတော်က တစ်ရွာကို ငွေကျပ် သိန်း ၁၀၀ နှုန်းနဲ့ ထောက်ပံ့ပြီး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရဲ့ နည်းပညာ ပံ့ပိုး ကူညီမှုနဲ့ ကျေးရွာ လူထု ကိုယ်တိုင် ဆောင်ရွက်တာ ဖြစ်ကြောင်း မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးထွန်းသန်းဇော်က ရှင်းလင်း တင်ပြခဲ့ပါတယ်။

ဆက်လက်ပြီး ဒုတိယ ညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဦးက ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင် ကာကွယ်နိုင်ဖို့ လုပ်ငန်းခွင်မှာ Mask တွေကို တပ်ဆင် ဆောင်ရွက်ကြဖို့ မှာကြားပြီး၊ လိုအပ်တာတွေကို ပေါင်းစပ် ညှိနှိုင်းပေးတယ်လို့ သိရပါတယ်။

သတင်း - မင်းမြင့်မိုရ် (ငါန်းဇွန်)

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage