ကျောက်ပန်းတောင်းမြို့နယ်တွင် Cash For Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးရွာ(၁၉)ရွာအနက် ကျေးရွာ(၆)ရွာတွင် စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

ကျောက်ပန်းတောင်း ဩဂုတ် ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် Cash For Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက် နေ သည့် ကျေးရွာ(၁၉)ရွာရှိသည့်အနက်၊ ကျေးရွာ(၆)ရွာတွင် စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးသွားပြီ ဖြစ်ရာ အဆိုပါ ကျေးရွာများ၏ လုပ်ငန်းပြီးစီးမှု အခြေအနေများကို၊ ယမန်နေ့ မွန်းလွဲ(၂)နာရီက ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်ယုမေနှင့်တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ ကာလစီးပွားရေးပြန်လည်ကုစားမှုအစီအစဉ် Covid-19 Economic Relief Plan (CERP) အရ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျောက်ပန်းတောင်း မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၁၉)ရွာတွင် ကုန်ထုန်လုပ်မှုနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး အထောက်အကူဖြစ်စေမည့် Cash For Work စီမံကိန်းများ အကောက်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ၊ ကိုဗစ်-၁၉ ကာလ အလုပ် အကိုင်နည်းပါးသော ကျေးလက်နေပြည်သူများအတွက် ကျေးရွာတစ်ရွာလျှင် သိန်း(၁၀၀)နှုန်းဖြင့် လုပ်ငန်းလုပ်ကိုင်စေပြီး အလုပ်အကိုင်လည်းရ၊ ကျေးရွာနှင့်သက်ဆိုင်သော ဖွံ့ဖြိုးရေး လုပ်ငန်း တစ်ခုလည်း ပြီးမြောက် စေသည့် လုပ်အားဖြင့် ဝင်ငွေရရှိစေသော စီမံကိန်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်တင်ယုမေကပြောသည်။

အဆိုပါစီမံကိန်းဆောင်ရွက်သည့် ကျေးရွာ (၁၉)ရွာ အနက် လုပ်ငန်းအားလုံး ပြီးစီးနေပြီဖြစ်သော ပေါက်ပင်စွန်းကျေးရွာ၊ စိတ္ထိန်းမြောက်ကျေးရွာ၊ ကျောက်ခွက်ကျေးရွာ၊ ဘုရားကြီးကုန်းကျေးရွာ၊ ကန်လွန်တောင်ကျေးရွာနှင့် သုံးအိမ်ကုန်း ကျေးရွာ များသို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်ယုမေနှင့် တာဝန်ရှိသူများက စီမံကိန်း လုပ်ငန်းများ သတ်မှတ်ချက် စံချိန်းစံညွှန်းများနှင့် ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် စီမံကိန်းလုပ်ငန်းငန်အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကျေးရွာ(၁၉)ရွာ အနက် (၆)ရွာမှာလုပ်ငန်းအားလုံး၏ ၁၀၀ ရာခိုင်နှုန်းပြီးစီး သွားပြီဖြစ်ပြီး၊ ကျန်း(၁၃)ရွာမှာ စီမံကိန်းလုပ်ငန်း၏ (၈၆%) ခန့်ပြီးစီ နေပြီ ဖြစ်ကြောင်းနှင့် ယခုလအတွင်း အပြီးဆောင်ရွက်သွားနိုင်ရန် ကြီးကြပ်ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ် ဦးစီးမှူး က ပြောသည်။

နေအောင်(ပြန်/ဆက်)

https://www.moi.gov.mm/iprd/news/6018