စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့တွင် Cast for Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီးသည့် လုပ်ငန်းများအား လွှဲပြောင်းပေးအပ်

Outputs of Cash for Work Activities in Kale Handed Over to Respective Village Committee

Sagaing, 23 November 2020, Ministry of Information

ကလေး နိုဝင်ဘာ ၂၃

 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်အတွင်း Cast For Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီးသည့် လုပ်ငန်းများ လွှဲပြောင်း ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်း ၁၀နာရီ အချိန်က မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနရှိ အစည်းအဝေး ခန်းမတွင် ကျင်းပ လျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ ကလေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးငူလ်ဆွင်းခိုင် က Cast For Work စီမံကိန်း လုပ်ငန်းများ ရေရှည် တည်တံ့ စေရန်နှင့် ပြုပြင် ထိန်းသိမ်း သွားကြရန် တို့ကို မှာကြားပြီး စီမံကိန်းများနှင့် ပတ်သက်သည့် လုပ်ငန်း မှတ်တမ်းများကို လွှဲပြောင်း ပေးအပ်ရာ သက်ဆိုင်ရာ ကော်မတီဝင်များက လက်ခံရ ယူခဲ့ကြသည်။

အဆိုပါ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီးသည့် လုပ်ငန်းများ လွှဲပြောင်း ပေးအပ်ရာတွင် ကလေးမြို့နယ် အတွင်းရှိ Cast For Work လုပ်ငန်း ဆောင်ရွက်သည့် ကျေးရွာ (၆) ရွာမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

 

ထန်းဖုန်(ပြန်/ဆက်)

https://www.moi.gov.mm/iprd/news/22096