မိုင်းပျဉ်း မြို့နယ် Cash for Work စီမံကိန်းနှင့် ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကြည့်ရှု့ စစ်ဆေး

ခရိုင် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးကျုံးလျန်ဗွိုင်းနဲ့ တာဝန်ရှိသူတွေဟာ စက်တင်ဘာလ ၅ ရက်နေ့က ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံခရိုင် မိုင်းပျဉ်း မြို့နယ်မှာ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက Cash for Work စီမံကိန်းနဲ့ ဆောင်ရွက်ပေးနေတဲ့ မကာကျေးရွာမှာ ရေပိုက် သွယ်တန်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ တောင်သုံးလုံး ကျေးရွာမှာ ရေပိုက်လိုင်း သွယ်တန်းခြင်းနဲ့ ရွာတွင်းလမ်း ပြုပြင်ခြင်း လုပ်ငန်းတွေ ဆောင်ရွက်မှု၊ ပန်တားလေ ကျေးရွာမှာ စိမ့်စမ်းရေ သွယ်ယူခြင်းနဲ့ လမ်းဘေး ရေနုတ်မြောင်း တူးဖော်ခြင်း လုပ်ငန်း ဆောင်ရွက်မှု တို့ကို ကြည့်ရှု့ စစ်ဆေးပြီး၊ မြေပြင် လိုအပ်ချက်တွေအရ ဖြည့်ဆည်းဆောင်ရွက်ရမယ့် လုပ်ငန်းတွေကို သက်ဆိုင်ရာ ကျေးရွာက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

 

အဲဒီနောက်မှာ တော့ ကျေးရွာ ဖွံဖြိုးရေး စီမံကိန်း (VDP) နဲ့ ပိန်းမုံကျေးရွာမှာ ရွာတွင်း ကွန်ကရစ်လမ်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှု့စစ်ဆေးပြီး၊ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးကျုံးလျန်ဗွိုင်းက ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်း (VRFP) ကော်မတီဝင်တွေ ကျေးရွာသူ ကျေးရွာသားတွေနဲ့ တွေ့ဆုံပြီး အားပေးစကား ပြောကြားခဲ့ပါတယ်။

 

သတင်း - မင်းမြင့်မိုရ် (ငါးဇွန်)

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage