အိမ်မဲမြို့နယ်တွင် Cash for Work စီမံကိန်းနှင့် ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်း (VRFP) ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

Cash for Work and Village Revolving Fund Projects Activities in Einme Completed 100 Percent

Ayeyarwaddy, Development News TV

ကိုဗစ်-၁၉ ဖြစ်ပွားနေမှု အခြေအနေအရ နိုင်ငံတော် အစိုးရက ချမှတ် အကောင် ထည်ဖော် ဆောင်ရွက်လျက် ရှိသည့် စီးပွားရေး ကုစားမှု CERP Plan အရ ကျေးလက် ဒေသနေ တိုင်းရင်းသား ပြည်သူများ အလုပ် အကိုင်အခွင့် အလမ်းများ ရရှိစေရေး မိမိတို့ ကျေးရွာအတွင်း လမ်းတံတားနှင့် အခြေခံ အဆောက်အဦးများ ဖွံ့ဖြိုး တိုးတက် လာစေရေး အတွက် မိမိတို့ကိုယ်တိုင် ကိုယ်ကျ လုပ်ကိုင်ဆောင်ရွက်ပြီး လုပ်အားခ ဝင်ငွေများ ရရှိစေရေးအတွက် Cash for Work စီမံကိန်း လုပ်ငန်းများနှင့် စိုက်ပျိုးရေး မွေးမြူရေး လုပ်ငန်း များကို လုပ်ကိုင်နိုင်စေရေး အတွက် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP) ချေးငွေများကို စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အဆိုပါ စီမံကိန်းလုပ်ငန်းများကို ဧရာ၀တီတိုင်းဒေသကြီး ၊မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာနှစ်တွင် CERP အစီအစဉ်အရ အိမ်မဲ မြို့နယ်အတွင်း Cash for Work စီမံကိန်းဖြင့် ကျေးရွာတစ်ရွာလျှင် ကျပ်သိန်း (၁၀၀)ဖြင့် စုစုပေါင်းကျေးရွာ (၁၃) ရွာအား ငွေကျပ်သိန်း (၁၃၀၀) ဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများအား ဒေသခံ ကျေးလက်ပြည်သူများ ကိုယ်တိုင် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ရာ လမ်းပြုပြင်ခြင်း လုပ်ငန်း (၉) ခု၊ လမ်းဘေးရေမြောင်းနှင့် လမ်းတာဘောင်ဖို့ခြင်း လုပ်ငန်း(၂)ခု စာသင်ကျောင်းလမ်းကွန်ကရစ်ခင်ခြင်းလုပ်ငန်း (၂) ခု ကျောင်း အားကစားကွင်း သဲဖြည့်ခြင်း လုပ်ငန်း (၁) ခု ကျောင်းခြံစည်းရိုးပြုပြင်ခြင်း လုပ်ငန်း(၁)ခုနှင့် မြေသား ရေလှောင်ကန်တူးဖော်ခြင်းလုပ်ငန်း(၁)ခု စုစုပေါင်း လုပ်ငန်း(၁၆) ခုအား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ထို့နောက် ကျေးရွာမတည်ရန်ပုံငွေ (VRFP) စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော (Type-1) ကျေးရွာ (၁) ရွာအား ငွေကျပ်သိန်း(၃၀၀) (Type-2) ကျေးရွာ(၁) ရွာအား ငွေကျပ်သိန်း(၂၀၀) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် ခဲ့သည့် စီမံကိန်း ကျေးရွာများရှိ ဒေသခံပြည်သူများမှ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် အသက်မွေး ဝမ်းကြောင်းနှင့် အရောင်းအဝယ် ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် လျက်ရှိရာ ရာနှုန်းပြည့် အကောင်အထည်ဖော် ဆောင်ရွက်ပြီး ဖြစ်ကြောင်းနှင့် အိမ်မဲမြို့နယ်အတွင်းရှိ ကျေးရွာ ၁၅ ရွာမှ လူဦးရေ ၁၅၀၀ ကျော် အကျိုးခံစားနိုင်ပြီဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ထံမှ သိရသည်။

တင်အောင်မိုးမြင့်

Credit- Development News TV

#CFW, #CERP, #DRD, #MOALI

https://www.facebook.com/108312817273501/videos/712587599339008