မိုးကောင်းမြို့နယ်တွင် Cash for Work စီမံကိန်းနှင့် VRFP စီမံကိန်း လုပ်ငန်းများ၊ စာရင်းဇယားများအား တာဝန်ရှိသူ များ မှ ကွင်းဆင်းစစ်ဆေး

Documentation for Cash for Work and Village Revolving Fund Projects in Mogaung Monitored by Respective Officials

Kachin, 28 October 2020, Development News TV

ကချင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်စိုးစိုးဦးနှင့် အဖွဲ့သည် မိုးညှင်းခရိုင် ဦးစီးမှူး ဦးသောင်းထိုက်နှင့်အတူ အောက်တိုဘာ ၂၆ ရက်နေ့က မိုးကောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ထားသည့် အင်ပေါင်းကျေးရွာ၊ ပြွန်သုံးလုံးကျေးရွာနှင့် နန့်လှိုင်ကျေးရွာတို့တွင် စီမံကိန်း ချေးငွေဖြင့် စိုက်ပျိုးရေး မွေးမြူရေး အရောင်း အဝယ်လုပ်ငန်း ဆောင်ရွက်မှုအား ကြည့်ရှု့ စစ်ဆေးခြင်း၊ ငွေစာရင်း ပုံစံများ ဖြည့်သွင်းထားသည့် စာရင်း ဇယားများအား စစ်ဆေးခဲ့ပြီးနောက် Cash for Work စီမံကိန်း ဖြင့် အကောင်အထည် ဖော် ဆောင်ရွက်ထားသည့် လွဲလော ကျေးရွာတွင် မြေနေရာ ရှင်းလင်း ခြင်းနှင့် ရေနုတ်မြောင်း တူးဖော်ခြင်းအား လည်းကောင်း၊ အောင်သာ ကျေးရွာတွင် ခန်းမ ခြံစည်းရုံး ကာရန်ခြင်း လုပ်ငန်းအား လည်းကောင်း၊ မီးသွေးကုန်း ကျေးရွာတွင် ကျောင်း ခြံစည်းရိုး ကာရန်ခြင်း လုပ်ငန်းအား လည်းကောင်း၊ စစ်ဆေးခဲ့ပြီး၊ ငွေစာရင်းများအား ကြည့်ရှု့ စစ်ဆေးခဲ့ရာ မြို့နယ် ဦးစီးမှူး ဒေါ်အေးအေးလင်းနှင့် စီမံကိန်း ဝန်ထမ်များ၊ ကျေးရွာ ကော်မတီဝင်များမှ ရှင်းလင်း တင်ပြခဲ့ကြသည်။

ဒုတိယ ညွှန်ကြားရေးမှူးနှင့် အဖွဲ့သည် ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်းဖြင့် ချေးယူထားသည့် လုပ်ငန်းအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပြီး၊ သတ်မှတ်သည့် လအတွင်း အတိုးငွေများ မှန်မှန် ပေးသွင်းရန် လစဉ် ငွေစာရင်း ပုံစံများ ဖြည့်သွင်းရန်နှင့် Cash for Work စီမံကိန်း ကျေးရွာ ကော်မတီဝင်များအား လုပ်ငန်းများ ရေရှည် တည်တံ့ ခိုင်မြဲစေရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့သည်။

မိုးကောင်း မြို့နယ်မှာ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်က ချမှတ်ထားသည့် ကိုဗစ်-၁၉ ကာလ စီးပွားရေး ကုစားမှု အစီအစဉ် CERP အရ Cash for Work စီမံကိန်းကို ကျေးရွာ ၅ ရွာနှင့် ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်းကို ကျေးရွာ ၇ ရွာတွင် အကောင် အထည်ဖော် ဆောင်ရွက်ခွင့် ရရှိခဲ့ပါကြောင်း မိုးကောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒေါ်အေးအေးလင်း ထံမှ သိရပါတယ်။

သတင်း - ဧဧလေး

#CFW, #NCDDP, #DRD, #MOALI, #WorldBank

Credit – Development News TV

https://web.facebook.com/108312817273501/videos/360306091855324