လူထုဗဟိုပြု စီမံကိန်းမှ ရမည်းသင်း မြို့နယ် ကျွဲတပ်ကျေးရွာ စက်ရေတွင်း တူးဖော်မှု ကွင်းဆင်း စစ်ဆေး

NCDDP’s Tube-well Digging Activities in Kywe Tat Village of Yamethin Monitored by Respective Officials

Mandalay, 22 November 2020, SkyNet Media Coverage

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ မန္တလေးတိုင်း ဒေသကြီး ရမည်းသင်း မြို့နယ်မှာ လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်းအတွင်း အကောင်အထည်ဖော်လျက် ရှိတဲ့ ကျွဲတပ်ကျေးရွာ စက်ရေတွင်း တူးဖော်ခြင်းကို နိုဝင်ဘာလ ၁၉ ရက်နေ့က တာဝန်ရှိသူတွေက ကွင်းဆင်း ကြည့်ရှု့ စစ်ဆေး ကြပါတယ်။

မြို့နယ် ဦးစီးမှူး ဦးအောင်နိုင်မိုး၊ မြို့နယ် လူထု ဗဟိုပြု စီမံကိန်း တာဝန်ခံ ဦးမျိုးမြင့်အောင်နဲ့အဖွဲ့ဟာ ကျေးရွာ စီမံကိန်း အထောက်အကူ ပြု ကော်မတီဝင်တွေ တင်ဒါ အောင်မြင်သူ Contractor တွေနဲ့ တွေ့ဆုံပြီးတော့ စက်ရေတွင်း တူးဖော်နေမှု အခြေအနေကို ကြည့်ရှု့ စစ်ဆေးပြီး၊ လုပ်ငန်းတွေ အချိန်မှီ ပြီးစီးရေးကို အားစိုက် လုပ်ဆောင် သွားကြဖို့နဲ့ ကျေးရွာ စီ/ထောက် ကော်မတီဝင်တွေကလည်း ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြဖို့ လမ်းညွှန် မှာကြားခဲ့ပါတယ်။

အဲဒီ ကျေးရွာ စက်ရေတွင်း တူးဖော်ခြင်း အနက်ပေ ၁၀၀၀ ကို စီမံကိန်း ထောက်ပံ့ငွေကျပ် ၁၃၄ ဒသမ ၈၈ သန်းနဲ့ အကောင်အထည်ဖော် ဆောင်ရွက်တာ ဖြစ်ပါတယ်။

 

သတင်း - ရဲအောင် (ကျေးလက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit- SkyNet Media Coverage