ဆော မြို့နယ် လူထု ဗဟိုပြု စီမံကိန်း လုပ်ငန်းများကို ကွင်းဆင်း စစ်ဆေး

စိုက်ပျိုး‌ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မကွေးတိုင်း ဒေသကြီး ဂန့်ဂေါ ခရိုင် ဆော မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကမ္ဘာ့ဘဏ်နဲ့ အီတလီ ချေးငွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတဲ့ လူထု ဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်း ကျေးရွာ ဖြစ်တဲ့ လယ်အင်း ကျေးရွာမှာ စီမံကိန်း လုပ်ငန်းတွေ ဆောင်ရွက်နေမှုကို ကွင်းဆင်း စစ်ဆေးတဲ့ အစီအစဉ်ကို မေလ ၄ ရက်နေ့က ဆော မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်မြစန်းလင်း၊ ဆောမြို့နယ် လူထုဗဟိုပြု စီမံကိန်း တာဝန်ခံ ဒေါ်သီရိဇင်မင်း၊ မြို့နယ် အင်္ဂျင်နီယာ ဒေါ်အေးသီတာမြင့်နဲ့ လက်ထောက်နည်းပညာမှူး၊ လူထု စည်းရုံးရေးမှူးတွေက ကွင်းဆင်း စစ်ဆေးကြပါတယ်။

လယ်အင်းကျေးရွာကို ကွင်းဆင်းစစ်ဆေးခြင်း အစီအစဉ်မှာ လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေကျပ် ၇၇ သိန်းနဲ့ ဆောင်ရွက်လျက် ရှိတဲ့ ၁၆ ပေ၊ ၁၁ ပေ အကျယ် ရှိတဲ့ Box Culvert ကို ကြည့် ရှု့စစ်ဆေးရာ လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေကျပ် ၁၁ သန်း ၅ သိန်းနဲ့ ဆောင်ရွက်လျက် ရှိတဲ့ ပေ ၁၈၀၀ အရှည် ရှိတဲ့ ကွန်ကရစ် ရေနုတ်မြောင်းကို ကြည့် ရှု စစ်ဆေး ပြီးတော့ လုပ်ငန်းတွေ လည်ပတ်ဆောင်ရွက်နိုင်ဖို့အတွက် လုပ်ငန်းပိုင်းဆိုင်ရာ ညွှန်ကြားမှုတွေကို ပံ့ပိုးပေးခဲ့ပါတယ်။

အဲဒီ ကွင်းဆင်း စစ်ဆေးခြင်း အစီအစဉ်မှာ တွေ့ဆုံခဲ့တဲ့ ကော်မတီဝင်တွေကို လုပ်ငန်းခွင်အတွင်း အကာအကွယ် ပစ္စည်းတွေ အသုံးပြုဖို့ နေ့စဉ် လူဦးရေ ကန့်သတ်ပြီးတော့ အလှည့်ကျ ဆောင်ရွက် ဖို့နဲ့ Covid-19 ကိုရိုနာ ဗိုင်းရပ်စ် ရောဂါနဲ့ ပတ်သတ်ပြီး၊ သိထားရမယ့် အကြောင်းအရာတွေကိုလည်း ဆွေးနွေး မျှဝေပေးခဲ့တယ်လို့ သိရပါတယ်။

 

သတင်း - ရှုမောင်

Credit – SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank,