ဆောမြို့နယ်လူထုဗဟိုပြု စီမံကိန်း ဝန်ထမ်းအားလုံး အကြံပြု ဆွေးနွေးပွဲ ကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ ဆောမြို့နယ်လူထုဗဟိုပြု စီမံကိန်း

စတုတ္ထနှစ် စက်ဝန်းမှာ ဆောမြို့နယ်အတွင်းမှာ ရှိတဲ့ ကျေးရွာတွေရဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို သက်ဆိုင်ရာ ဌာနတွေနဲ့ အခြားဖွံ့ဖြိုး‌ရေး အဖွဲ့အစည်းတွေက အခါအားလျော်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ဖို့ ရည်ရွယ်ပြီး၊ လေးနှစ်စာ ကျေးရွာ ဖွံ့ဖြိုးရေး အစီအစဉ်စာအုပ် ရေးဆွဲနိုင်ဖို့အတွက် စီမံကိန်း တာဝန်ခံတွေနဲ့ ဝန်ထမ်းတွေ အားလုံး အကြံပြု ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ကျင်းပပြုလုပ်ပါတယ်။

 

အဲဒီဆွေးနွေးပွဲကို ဆောမြို့နယ် လူထုဗဟိုပြု စီမံကိန်း နည်းပညာ အကြံပေးအဖွဲ့ ခေါင်းဆောင် ဒေါ်နီနီလွင်က စီမံကိန်း ပထမနှစ်၊ ဒုတိယနှစ် တတိယ စက်ဝန်းတို့မှာ ရေးဆွဲခဲ့တဲ့ ကျေးရွာ ဖွံ့ဖြိုးရေး အစီအစဉ် စာအုပ်တွေ အားနည်းချက် အားသာချက်တွေကို ဆွေးနွေးခဲ့ပြီး စတုတ္ထနှစ် စက်ဝန်းမှာ ပြီးပြည့်စုံတဲ့ လေးနှစ်စာ ကျေးရွာ ဖွံ့ဖြိုးရေး အစီအစဉ် စာအုပ် ရေးဆွဲနိုင်ဖို့ ဝန်ထမ်းတွေက အဖွဲ့ ၅ ဖွဲ့ ခွဲပြီး တက်ကြွစွာနဲ့ ပူးပေါင်း ဆွေးနွေးကာ အဖွဲ့ တစ်ဖွဲ့ ချင်းစီက ဆွေးနွေးမှုတွေကို အနှစ်ချုပ် ရှင်းလင်းခဲ့ပါတယ်။

 

အဲဒီ ဆွေးနွေးပွဲမှာ ဆောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဝန်ထမ်းတွေကို လူထုဗဟိုပြု စီမံကိန်းမှ နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင်နဲ့ နည်းပညာ အကြံပေးတွေ လူထုစည်းရုံးရေးမှူးတွေနဲ့ လက်ထောက် နည်းပညာမှူးတွေ စုစုပေါင်း ၅၁ ဦး တက်ရောက်ကြတယ်လို့ သိရပါတယ်။

 

သတင်း - တင်အောင်မိုးမြင့်

Credit - SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank