လူထု ဗဟိုပြု စီမံကိန်း ပေါက်မြို့နယ် သမားတော်ကျေးရွာ ကွန်ကရစ်လမ်းခင်း

ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိတဲ့ လူထုဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်းနဲ့ စတုတ္ထနှစ်စက်ဝန်း ခွင့်ပြု ရန်ပုံငွေတွေနဲ့ ဆောင်ရွက်ခဲ့တဲ့ ‌ပေါက်မြို့နယ် သမားတော်ကျေးရွာ အုပ်စု၊ သမား​တော်ကျေးရွာ၊ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်း​​ခြင်း ဆောင်ရွက် ပြီးစီးမှု အ ခြေအနေတွေကို ဩဂုတ်လ ၁၃ ရက်နေ့ နေ့လည် ၃ နာရီ အချိန်က မ​ကွေးတိုင်း​ ဒေသ​​​ကြီး ကျေးလက်​​ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးမျိုးအောင် ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်အေးအေးသန့်၊ လူထု ဗဟိုပြု စီမံကိန်း နည်းပညာ အကြံပေး အဖွဲ့ ခေါင်းဆောင် ဦးသိန်းဇော်နဲ့ တာဝန်ရှိသူတွေက လုပ်ငန်းဆောင်ရွက် ပြီးစီးမှူ အခြေအနေတွေကို ကြည့်ရှု့ စစ်ဆေးကြပါတယ်။

အဲဒီ ကျေးရွာ ကွန်ကရစ်လမ်း အရှည်ပေ ၅၃၀၊ အကျယ် ပေ ၂၀ ၊ အမြင့် ၈ လက်မထု ကွန်ကရစ် ခင်းခြင်း လုပ်ငန်းကို လူထု ဗဟိုပြု စီမံကိန်းမှ တတိယနှစ်နဲ့ စတုတ္ထနှစ်စက်ဝန်း ထောက်ပံ့ ရန်ပုံငွေကျပ် ၁၇၆ သိန်း၊ ကျေးရွာနေ ပြည်သူတွေ ထည့်ဝင်ငွေ ၂၅ ဒဿမ ၄၁ သိန်း စုစုပေါင်း ၂၀၁ ဒသမ ၄၁ သိန်း နဲ့ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် လူထု ဗဟိုပြု စီမံကိန်း ဝန်ထမ်းတွေရဲ့ နည်းပညာ ပံ့ပိုးမှု အနီးကပ် ကြီးကြပ်မှုတွေနဲ့ ကျေးရွာသူ ကျေးရွာသားတွေ ကိုယ်တိုင် ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

သတင်း - သန်းလွင် (မကွေး)