မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ် လုံးပေါင်ကျေးရွာတွင်ကျေးရွာမီးလင်းရေးနှင့် မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းများအားကျေးရွာလူထုမှစစ်ဆေး

ထီးလင်း ဇူလိုင် ၈

ကျေးလက်ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်းက ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ် လုံးပေါင်ကျေးရွာတွင် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာမီးလင်းရေးလုပ်ငန်းနှင့် မြေထိန်းနံရံ တည်ဆောက်ခြင်း လုပ်ငန်း၏ လုပ်ငန်းစဉ်နှင့် ရလဒ်များအပေါ် ကျေးရွာနေပြည်သူများ၏ ဆန္ဒမဲဖြင့် ယမန်နေ့နံနက်က ကျေးရွာမမေ့နိုင်ခန်းမ၌ အဆုံးအဖြတ်ရယူကြသည်။

 

ထိုသို့ရယူရာတွင် ကျေးရွာမီးလင်းရေးလုပ်ငန်း၏ လုပ်ငန်းစဉ်တွင် ကျေးရွာရှိလူဦးရေ ၅၃ ဦးမှ အလွန်ကျေနပ်မဲ ၅၃ မဲဖြင့် လည်းကောင်း၊ မြေထိန်းနံရံတည်ဆောက်ခြင်း လုပ်ငန်းစဉ်တွင် အလွန်ကျေနပ်မဲ ၅၃ မဲရရှိခဲ့ပြီး ကျေးရွာလူထုမှ ကျေနပ်မဲနှင့် မကျေနပ်မဲ များ မရှိကြောင်းသိရသည်။

 

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်းလူစုလူဝေးပြုလုပ်ခွင့် ကန့်သတ်ထားမှုကြောင့် ကျေးရွာလူထု အနေဖြင့် ကျေးလက်ဒေသများဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေသည့်လုပ်ငန်းနှင့် ပတ်သတ်၍ မိမိနေအိမ်မှ ဆန္ဒမဲပေးမည့်အစီအစဉ်များ၊ ဆန္ဒမဲများသိမ်းမည့်ပုံစံနှင့် ကျေးရွာ ကိုယ်စားလှယ်များ၏ ရှေ့မှောက်တွင် ဆန္ဒမဲများအား ပွင့်လင်းမြင်သာစွာ မဲရေတွက်မည့် နည်းစနစ်များကို ကျေးရွာလူထုအား ရှင်းလင်း ပြောကြား ခဲ့ကြသည်

 

ဆန္ဒမဲဖြင့် အဆုံးအဖြတ်ရယူရာသို့ လူထုဗဟိုပြုစီမံကိန်းမြို့နယ်နည်းပညာအကြံပေး အဖွဲ့ခေါင်းဆောင် ဦးတင်ဝင်းက လူထုစစ်ဆေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်ကိုလည်းကောင်း ၊ သတင်းပြန်ကြား ဆက်သွယ်ရေး တာဝန်ခံ ဦးကျော်ဇယျက လူထုစစ်ဆေးပွဲ လုပ်ဆောင်မည့် အစီအစဉ်များကို ကျေးရွာလူထုအား ရှင်းလင်း ပြောကြား ခဲ့ကြောင်း သိရသည်။

 

နန်းလွင်မာကြိုင် (ပြန်ဆက်)

 

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8/8/07/2020/id-23092