ခန္တီးမြို့နယ်တွင် လူထု ဗဟိုပြု စီမံကိန်း တိုးချဲ့ ဆောင်ရွက်ရန် စီမံကိန်း မိတ်ဆက် ရှင်းလင်းမှု အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

NCDDP’s Virtual Socialization Meeting Organized for Project Implementation in Hkamti

Sagaing, 23 November 2020,

ကျေးလက်​ဒေသ ဖွံ့ဖြိုး တိုးတက်​ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူး​ပေါင်း အ​ကောင် အထည်​ဖော်​ ဆောင်ရွက် လျက် ရှိသည့် လူထု ဗဟိုပြု စီမံကိန်း ကို ၂၀၂၀-၂၀၂၁ ဘဏ္ဏာ​ရေး နှစ်တွင် စတင် အ​ကောင်အထည်​ဖော် ဆောင်ရွက်မည့် စစ်ကိုင်းတိုင်း ​ဒေသကြီး၊​ ခန္တီးမြို့နယ် စီမံကိန်း မိတ်ဆက် ရှင်းလင်းမှု အလုပ်ရုံ​ ဆွေး​နွေးပွဲ အခမ်းအနားကို နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းက Video Conferencing စနစ်ဖြင့် ကျင်းပ ပြုလုပ်ရာ စစ်ကိုင်းတိုင်း​ ဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာ​ရေး ဝန်ကြီး ဦးမြင့်ကြည် က အဖွင့်အမှာစကား​ပြေားကြားသည်။

လူထု ဗဟိုပြု စီမံကိန်းကို မြို့နယ် အားလုံးတွင် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သော နေပြည်တော် ကောင်စီနယ်မြေနှင့် ကယားပြည်နယ်တို့မှ အပ နိုင်ငံတစ်ဝန်း တိုင်းနှင့် ပြည်နယ်ဒေသအသီးသီးရှိ မြို့နယ်ပေါင်း ၁၃ မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှ စတင်ကာ တိုးချဲ့ အကောင် အထည်ဖော် ဆောင်ရွက်မည် ဖြစ်ရာ စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးမြို့နယ်တွင် ကျေးလက်နေ ပြည်သူများ လူမှု စီးပွား ဖွံ့ဖြိုးတိုးတက်ရေး အတွက် လူထု ကိုယ်တိုင် ဦးစီးပေး ရွေးချယ်သော အခြေခံ အဆောက် အအုံများ တည်ဆောက်ရေး စီမံကိန်း လုပ်ငန်းခွဲများကို လေးနှစ်တာ တိုးချဲ့ အကောင်အထည် ဆောင်ရွက် သွားမည် ဖြစ်သည်။

အဆိုပါ စီမံကိန်း မိတ်ဆက် အခမ်းအနားတွင် ကျေးလက် ​ဒေသ ဖွံ့ဖြိုး တိုးတက်​ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြား​ရေး မှူးချုပ် ​ဒေါ်ညိုညိုဝင်းမှ အမှာစကား​ ပြောကြားပြီး၊ ကမ္ဘာ့ဘဏ်မှ ကိုယ်စားလှယ် ​က မိတ်ဆက် စကား​ ပြောကြားကာ ညွှန်ကြား​ရေးမှူး ဦးလှခိုင်မှ စီမံကိန်း အ​ကြောင်း မိတ်ဆက် ရှင်းလင်း ​ပြောကြားခဲ့သည်။

အဆိုပါ စီမံကိန်း မိတ်ဆက် ရှင်းလင်းမှု အလုပ်ရုံ​ဆွေး​နွေးပွဲ အခမ်းအနားကို စစ်ကိုင်းတိုင်း ​ဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာ​ရေး ဝန်ကြီး ဦးမြင့်ကြည်၊ ​ကျေးလက်​ဒေသ ဖွံ့ဖြိုးတိုးတက်​ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေး မှူးချုပ်​ ​ဒေါ်ညိုညိုဝင်း၊ ကမ္ဘာ့ဘဏ်မှ ကိုယ်စားလှယ်များ၊ ညွှန်ကြား​ရေးမှူးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တိုင်း​/ခရိုင်/မြို့နယ်များမှ တာဝန်ရှိသူများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် CSO ကိုယ်စားလှယ်များတက်​ရောက်ခဲ့ကြ​သည်။

ကမ္ဘာ့ဘဏ်၏ ပံ့ပိုးမှုဖြင့် လူထု ဗဟိုပြု စီမံကိန်းကို ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှ စတင်ကာ ယခုအချိန်အထိ နိုင်ငံ တစ်ဝန်း မြို့နယ်ပေါင်း ၆၃ မြို့နယ်တွင် အကောင်အထည် ဖော် ဆောင်ရွက်လျက် ရှိရာ စစ်ကိုင်းတိုင်း ပင်လည်ဘူး မြို့နယ်တွင် စီမံကိန်း လေးနှစ်တာ လုပ်ငန်းများ အကောင်အထည် ဖော် ဆောင်ရွက် ပြီးစီးခဲ့ပြီ ဖြစ်သည်။ ထို့အပြင် ကနီမြို့နယ်နှင့် ကျွန်းလှ မြို့နယ်တို့တွင် စီမံကိန်း ၂ နှစ်တာ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ပြီ ဖြစ်ပြီး၊ ကျန်ရှိသည့် စီမံကိန်း ၂ နှစ်တာ လုပ်ငန်းများကို ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။

 

#NCDDP, #DRD, #MOALI, #WorldBank