ဆီဆိုင်မြို့နယ်၌ လူထုဗဟိုပြုစီမံကိန်း မြို့နယ်အဆင့်သုံးသပ်ဆွေးနွေးပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျေးလက်ဒေသ  ဖွ့ံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အကောင်အထည် ဖော်ဆောင်ရွက်လျှက်ရှိသော လူထုဗဟိုပြုစီမံကိန်း (ပထမနှစ်စက်ဝန်း) အပေါ် မြို့နယ်အဆင့် သက်ဆိုင်သူအဖွဲ့ ပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲကို ဇနန်ဝါရီ ၃၁ ရက်နေ့ ဆီဆိုင်မြို့၊ မြို့နယ်ခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင်  ပြည်နယ်ဝန်ကြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  ဦးစိုင်းလုံကျော်က အဖွင့်အမှာစကားပြောကြား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်စံလွင်မှ စီမံကိန်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု၏ ရလဒ်များကို ပြောကြားခဲ့သည်။ ထိုနောက် ရှမ်းပြည်နယ် ကျေးလက်ဒေသဖွ့့့ံဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်းက စီမံကိန်းအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး တာဝန်ရှိသူအသီးသီးမှ ပြောကြားခဲ့ပါသည်။

တက်ရောက်လာကြသော ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာစီမံကိန်းအထောက်အကူပြုကော်မတီဝင်များက ခေါင်းစဉ် (၇)ချက်၏ အားသာချက်၊အားနည်းချက်၊ နောက်နှစ်အကြံပြုချက်များကို အုပ်စုုဖွဲ့ဆွေးနွေးခဲ့ကြပြီး အဖွဲ့ကိုယ်စားလှယ်များမှ တင်ပြကြပါသည်။ဆီဆိုင်မြို့နယ် တွင်းရှိကျေးရွာအုပ်စု(၅)စု နှင့် ကျေးရွာ(၈)ရွာအား အကဲဖြတ်ဒိုင်များက စံနူန်းများဖြင့်အကဲဖြတ်ရွေးချယ်ခဲ့ကြပြီးဆုရရှိသည့် ကျေးရွာများအား တာဝန်ရှိသူများက ဆုချီးမြှင့်ကြပါသည်။

အခမ်းအနားသို့စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရှမ်းပြည်နယ်ဝန်ကြီး၊ လွတ််တော်ကိုယ်စားလှယ်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသဦးစီး ဥက္ကဌနှင့်အဖွဲ့များ၊ ပြည်နယ်ဦးစီးမှူး၊ ခ ရိုင်ဦးစီးမှူး၊ မြို့နယ်သက်ဆိုင်ရာ အစိုးရအဖွဲ့ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ကျေးရွာစီမံကိန်း အထောက်အကူပြု ကော်မတီဝင် များ၊ လူထုဗဟိုပြုစီမံကိန်းဝန်ထမ်းများ စုစုပေါင်း (၈၈၃)ဦးတက်ရောက်ခဲ့ပါသည်။