ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်း မိတ်ဆက်ခြင်းအလုပ်ရုံ ဆွေးနွေးပွဲကျင်ပ

(၁၈.၁.၂၀၁၈)ရက်နေ့ ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်ကမ္ဘာဘဏ်တို့ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်သော လူထုဗဟိုပြုစီမံကိန်းမိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ အခမ်း   အနားအား ကျင်းပခဲ့ပါသည်။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ မှအဖွင့်အမှာ စကား ပြေားကြားပြီးနောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်) ဒုတိယညွှန်းကြားရေးမှူးချုပ် ဦးကျော်စိုးနှင့် ကမ္ဘာဘဏ်ကိုယ်စာလှယ် Mr.Sean Lewis Bradley  တို့မှ မိတ်ဆက်စကား ပြေားကြားခဲ့ပါသည်။ ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်) ညွှန်ကြားရေးမှူး ဦးလှခိုင်မှ စီမံကိန်းအကြောင်းအကျဉ်းချုပ် မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)  လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်း​ဇော်ထွန်းမှ ကျေးရွာအဆင့်စီမံကိန်းစက်ဝန်းအား ရှင်းလင်းတင်ပြခဲ့ပါသည်။ တက်ရောက်လာသူများ မှ စီမံကိန်းမကြောင်းသိရှိလိုသည်များ မေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ နေပြည်တော်ကောင်စီဝင်အဆင့်(၁) ဦးအေးမြင့် နှင့် ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဦးမြင့်ဝေ တို့မှလည်း ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။အဆိုပါ  ဆွေးနွေးပွဲသို့(၅၃၂)ဦး တက်ရောက်ခဲ့ပါသည်။