ပေခုနှစ်ပင်ကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး ကျေးရွာဖွံ့ဖြိုးရေးကော်မတီဖွဲ့စည်း

ပေါက် သြဂုတ်    ၂၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် ပေးလျက်ရှိရာ စီမံကိန်းစတုတ္ထနှစ်စက်ဝန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ စတင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး နှင့် ကျေးရွာဖွံ့ဖြိုးရေးကော်မတီဖွဲ့စည်းခြင်းတို့အတွက် ဖိုးဖြူလုံးကန်ကျေးရွာအုပ်စု၊ ပေခုနှစ်ပင်ကျေးရွာတွင် ကျေးရွာအဆင့် ဒုတိယအကြိမ်အစည်းအဝေးအား ယနေ့နံနက် ၁၀ နာရီ အချိန်က အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေ့ဦးစွာ ပေါက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းရုံးမှ လက်ထောက်နည်းပညာ ရေးမှူး ဒေါ်ဖြိုးစန္ဒာကျော်က လူထုဗဟိုပြုစီမံကိန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ရွေးချယ်ဆောင်ရွက်ရာတွင် အကျုံးဝင် သောလုပ်ငန်းနှင့် အကျုံးမဝင်သော လုပ်ငန်းများကို ရှင်းလင်းပြောကြားပါသည်။  

ဆက်လက်၍ တက်ရောက်လာကြသော ကျေးရွာသူ၊ ကျေးရွာသားများက ကျေးရွာဖွံ့ဖြိုးရေးအတွက် မျှော်မှန်းချက်များ၊ အခက်အခဲများ၊ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို  အမျိုးသား၊ အမျိုးသမီးအဖွဲ့(၄)ဖွဲ့ ခွဲ၍ ဆွေးနွေးခဲ့ရာ ကျေးရွာဖွံ့ဖြိုးရေးလုပ် ငန်း(၉)ခု ရွေးထုတ်နိုင်ခဲ့ကြောင်းသိရသည်။

ထို့နောက် လူထုဗဟိုပြုစီမံကိန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး ကျေးရွာဖွံ့ဖြိုးရေးအထောက်အကူပြု ကော်မတီ(၁၆)ဦးအား အမျိုးသား(၈)ဦး၊ အမျိုးသမီး(၈)ဦးကို တက်ရောက်လာသော ကျေးရွာသူ၊ ကျေးရွာသားများက မဲပေးစနစ်ဖြင့် ရွေးချယ်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ အစည်းအဝေးကို ပေါက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်နည်းပညာမှူးနှင့် လူထုစည်းရုံးရေးမှူး၊ ဒေါင်းသာကျေးရွာမှ ကျေးရွာသူ၊ ကျေးရွာသား(၃၀၄)ဦး တက်ရောက်ခဲ့ ကြောင်းသိရသည်။

စိုးမိုးကျော် 09.256087268