ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ် လူထုဗဟိုပြုစီမံကိန်းမိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ် လူထုဗဟိုပြုစီမံကိန်းမိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို (၂၅.၂.၂၀၁၈) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ အစိုးရမဟုတ်သော အဖွဲ့အစည်းများ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ လူမှုရေးအသင်းအဖွဲ့များ အရပ်ဘက်လူ့အဖွဲ့အစည်းများအပါအဝင် စီမံကိန်းသက်ဆိုင်သူစုစုပေါင်း (၆၀၀) ခန့် တက်ရောက်ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ဇော်နိုင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူ းချုပ် ဒေါ်ညိုညိုဝင်းမှ မိတ်ဆက်အမှာစကားပြောကြားပေးခဲ့သည်။

ဆက်လက်၍ ကျေးလက်/ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မီမီထွေးမှ လူထုဗဟိုပြုစီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းခဲ့ပြီး လက်ထောက်ညွှန်ကြားရေးမှူ း ဦးအောင်ဝေထွန်းမှ စီမံကိန်းစက်ဝန်းအား ရှင်းလင်းတင်ပြခဲ့သည်။

တက်ရောက်လာသူများမှ စီမံကိန်းနှင့်ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြပြီး တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

လူထုဗဟိုပြုစီမံကိန်းကို ကမ္ဘာ့ဘဏ်၏ နည်းပညာအကူအညီဖြင့် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်