ကျိုက်မရော မြို့နယ် လူထု ဗဟိုပြု စီမံကိန်း မိတ်ဆက်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲအား Video Conferencing စနစ်ဖြင့် ဆောင်ရွက်

NCDDP’s Socialization Meeting Conducted through Video Conferencing for Kyaikmaraw

Mon, 20 November 2020, Ministry of Information

ကျိုက်မ​ရော နိုဝင်ဘာ ၂၀

 

စိုက်ပျိုး​ရေး၊​ မွေးမြူ​ရေးနှင့် ဆည်​မြောင်း ဝန်ကြီးဌာန၊ ကျိုက်မ​ရောမြို့နယ်​​ ကျေးလက် ​ဒေသ ဖွံ့ဖြိုး တိုးတက်​ရေးဦးစီးဌာန၊ လူထု ဗဟိုပြု စီမံကိန်း မိတ်ဆက်ခြင်း အလုပ်ရုံ​ဆွေး​​နွေးပွဲကို Video Conferencing စနစ်ဖြင့် ယ​နေ့ နံနက် ၁၀ နာရီခွဲခန့်က ​ကျိုက်မ​ရော မြို့နယ် အ​ထွေ​ထွေ အုပ်ချုပ်​ရေး ဦးစီးဌာန ​အစည်း​အဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ ပြည်နယ် လွှတ်​တော် ကိုယ်စားလှယ်​ ဒေါ်ခင်မျိုးမြင့်၊ မြို့နယ် အုပ်ချုပ်​ရေးမှူး ဦးကျော်မြင့်နှင့် ဌာနဆိုင်ရာများ၊ လူမှု​ရေး အသင်းအဖွဲ့များ တက်​ရောက် ခဲ့​ကြောင်း သိရသည်။

ရှေးဦးစွာ မွန်ပြည်နယ်​ စိုက်ပျိုး​​ မွေးမြူ​ရေးနှင့် ပို့ဆောင် ဆက်သွယ်​ရေး ဝန်ကြီး ဦးထွန်း​ဌေးက အဖွင့် အမှာစကား​ ပြောကြားပြီး ​ကျေးလက်​ဒေသ ဖွံ့ဖြိုး တိုးတက်​ရေး ဦးစီးဌာန၊ ရုံးချုပ်မှ ဒုတိယ ညွှန်ကြား​ရေးမှူး ချုပ် ဦးသိန်းလွင်က မိတ်ဆက်စကား​ ပြောကြားခဲ့သည်။

ထို့​နောက် တက်​​ရောက် လာ​သော ကိုယ်စားလှယ် များ ကိုယ်စား ပြည်နယ်လွှတ်​တော် ကိုယ်စားလှယ်​ဒေါ်ခင်မျိုးမြင့်က သိရှိလို​​သော​ မေးခွန်းများကို မေးမြန်း ရာ ကျေးလက်​ဒေသ ဖွံ့ဖြိုးတိုးတက်​ရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြား​ရေးမှူးချုပ် ​ဒေါ်ညိုညိုဝင်းက ပြန်လည်​ ဖြေကြား ရှင်းလင်းခဲ့သည်။

ဆက်လက်၍ ကမ္ဘာ့ဘဏ်ကိုယ်စားလှယ်ကစီမံကိန်းပူး​ပေါင်း​ဆောင်ရွက်​နေမှုများကို ရှင်းလင်း​ ဆွေး​​နွေးပြီးစီ မံကိန်းအ​ကြောင်းဗီဒီယိုအား ​ကျေးလက်ဦးစီးဌာနရုံးချုပ် မှ ရှင်းလင်းပြသ​ရာတွင် စီမံကိန်း ၏ရည်ရွယ်ချက်များဖြစ်သည့် ဆင်းရဲနွမ်းပါး​သောကျေးလက်လူထုအ​​နေဖြင့်အ​ခြေခံလူမှု စီးပွားအ​ဆောက် အဦများနှင့်ဝန်​ဆောင်မှုများအားလူထုဗဟိုပြုစနစ်ကို ကျင့်သုံး၍ရယူသုံးစွဲနိုင် စေရန်၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်​ကျေးလက် ပြည်သူလူထု၏ စွမ်း​​ဆောင်ရည်နှင့်အရည်အ​သွေးများကို မြှင့်တင်​​ပေးရန်၊ ဖြစ်​ပေါ်လာနိုင်​သော​ဘေးအန္တရာယ်များနှင့် အ​ရေး​ပေါ်အ​ခြေအ​နေများတွင်ထိ​ရောက်လျှင်မြန်စွာ တုန့်ပြန် နိုင်​စေရန်တို့ဖြစ်​ကြောင်း၊ အကျိုး ​ကျေးဇူးများအ​နေဖြင့် အဓိကအ​ခြေခံ အ​ဆောက်အဦများရရှိ​စေခြင်း၊မိမိ​​ကျေးရွာဖွံ့ဖြိုးရေးကို မိမိတို့ကိုယ်တိုင်စု​ပေါင်း​ဆောင်ရွက်တတ်လာခြင်း၊ ဒီမိုက​ရေစီနည်းလမ်းတကျ ဖွံ့ဖြိုး​ရေးလုပ်ငန်း ဆောင်ရွက်တတ် လာခြင်း၊​ ကျေးရွာတွင်လူထုအားလုံးပါဝင်​သော အကျိုးပြုလုပ်ငန်း​ ဆောင်ရွက်ခြင်း၊ ကျားမမခွဲခြားခြင်း အပါအဝင် ခွဲခြားမှုမရှိ​သောအသိုက်အဝန်းဖြစ်​ပေါ်ခြင်း၊ သဘာဝ ပတ်ဝန်း ကျင်နှင့် လူမှုအကာအကွယ်များသိရှိလိုက်နာတတ်ခြင်းစသည့်အကျိုး ​ကျေးဇူးများရရှိ​​ကြောင်း ရှင်းလင်းပြသခဲ့သည်။

အခမ်းအနားကို ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်​ရေးအတွက် ကျန်းမာ​ရေးနှင့် အားကစား ဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ​နေရာ နှစ်​နေရာခွဲ၍ စနစ်တကျ ​ဆောင်ရွက်ခဲ့​ကြောင်း​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနဦးစီးမှူးထံမှသိရသည်။

 

ချိုချို( ပြန်/ ဆက်)

https://www.moi.gov.mm/iprd/news/21835

#NCDDP, #DRD, #MOALI, #WorldBank

Credit- Ministry of Information