ငဖဲ မြို့နယ်အတွက် လူထု ဗဟိုပြု စီမံကိန်း မိတ်ဆက်ပွဲ အစည်းအဝေးတွင် မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို အဖွင့် အမှာ စကား ပြေားကြား

Chief Minister for Magwe Region, Dr Aung Moe Nyo, Delivers Opening Remarks at NCDDP’s Virtual Socialization Meeting for Ngape

Magway, 19 November 2020

ကျေးလက်​ဒေသ ဖွံ့ဖြိုး တိုးတက်​ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူး​ပေါင်း အ​ကောင်အထည်​ဖော်​ ဆောင်ရွက် လျက် ရှိသည့် လူထုဗဟိုပြု စီမံကိန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဏာ​ရေးနှစ်မှ စတင်ကာ တိုးချဲ့ အ​ကောင်အထည်​ဖော် ​ဆောင်ရွက်မည့် မကွေးတိုင်း ဒေသကြီး ငဖဲ မြို့နယ် အတွက် လူထု ဗဟိုပြု စီမံကိန်း မိတ်ဆက်ပွဲ အစည်း အဝေးကို နိုဝင်ဘာလ ၁၉ ရက်နေ့က Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်း​ ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက အဖွင့် အမှာ စကား​ ပြေားကြားခဲ့သည်။

ဆက်လက်၍ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် မှ အမှာစကား ပြောကြားပြီး၊ ကမ္ဘာ့ဘဏ်မှ ကိုယ်စားလှယ် Mrs.Patricia Fernandes က မိတ်ဆက်စကား ပြောကြားကာ လူထု ဗဟိုပြု စီမံကိန်း မန်နေဂျာ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှခိုင်မှ စီမံကိန်း အကြောင်း မိတ်ဆက် ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားကို မကွေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ မကွေးတိုင်း ဒေသကြီး စိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီး ဦးဝင်းမော်ဌေး၊ ကမ္ဘာ့ဘဏ်မှ ကိုယ်စားလှယ်များ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးချုပ် နေပြည်တော်မှ စီမံကိန်း ဒါရိုက်တာ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းနှင့် ညွှန်ကြားရေးမှူးများ၊ မကွေးတိုင်း ဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်း၊ ခရိုင်နှင့် မြို့နယ်မှ တာဝန်ရှိသူများ၊ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေ ကြသော မိတ်ဖက် အဖွဲ့အစည်းများနှင့် လူမှု အဖွဲ့အစည်း (CSO) များမှ ကိုယ်စားလှယ်များလည်း တက်ရောက် ဆွေးနွေး ခဲ့ကြပါသည်။

စီမံကိန်းမိတ်ဆက်ပွဲ အခမ်းအနား တက်ရောက်လာသူများက စီမံကိန်းနှင့် ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းကြရာ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ပြန်လည် ဖြေကြား ပေးခဲ့ပြီး မကွေးတိုင်း ဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးမျိုးအောင်က နိဂုံးချုပ် ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

ကမ္ဘာ့ဘဏ်၏ ပံ့ပိုးမှုဖြင့် လူထု ဗဟိုပြု စီမံကိန်းကို ၂၀၁၃-၂၀၁၄ ခု ဘဏ္ဍာနှစ်မှ စတင်ကာ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ဦးဆောင်၍ နိုင်ငံ တစ်ဝှမ်း မြို့နယ် ၆၃ မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ မကွေးတိုင်း ဒေသကြီး အတွင်း စေတုတ္တရာ မြို့နယ်၊ မင်းတုန်းမြို့နယ်၊ ပေါက်မြို့နယ်၊ ဆောမြို့နယ်နှင့် ထီးလင်း မြို့နယ်တို့တွင် စီမံကိန်း စက်ဝန်း ၄ နှစ်တာ လုပ်ငန်းများအားလုံး ဆောင်ရွက် ပြီးစီးခဲ့ပြီ ဖြစ်သည်။

ယခု အခါလူထုဗဟိုပြု စီမံကိန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဏာရေးနှစ်မှ စတင်ကာ နိုင်ငံတစ်ဝှမ်း ဒေသ အသီးသီးရှိ မြို့နယ် ၁၃ မြို့နယ်တွင် တိုးချဲ့ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပြီး၊ မကွေးတိုင်း ဒေသကြီး အတွင်း ငဖဲ မြို့နယ်တွင် စီမံကိန်း လေးနှစ်တာ လုပ်ငန်းများကို တိုးချဲ့ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

#NCDDP, #DRD, #MOALI, #WorldBank