ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ် လူထုဗဟိုပြုစီမံကိန်း စီမံကိန်း မိတ်ဆက်ပွဲ အခမ်းအနား ကျင်းပပြီးစီး

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ် လူထုဗဟိုပြုစီမံကိန်း စီမံကိန်း မိတ်ဆက်ပွဲ အခမ်းအနား ကျင်းပပြီးစီးလရွှေကျင်မြို့နယ် လူထုဗဟိုပြုစီမံကိန်း စီမံကိန်း မိတ်ဆက်ပွဲ အခမ်းအနား ကျင်းပပြီးစီး

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် လူထုဗဟိုပြု စီမံကိန်း စီမံကိန်းမိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားအား 8.12.2017 ရက်တွင် ရွှေကျင်မြို့နယ် မြို့နယ် စည်ပင်ခန်းမ၌ ကျင်းပခဲ့ပြီး အခမ်းအနားတွင် တိုင်းဒေသကြီး စိုက်မွေးဆည် ဝန်ကြီး ဦးအောင်ဇော်နိုင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ထို့နောက်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေမှူးချုပ် ဒေါ်ညိုညိုဝင်း နှင့် ကမ္ဘာ့ဘဏ်ရုံး ကိုယ်စားလှယ်် ဒေါ်အိအိထွေးတို့မှ မိတ်ဆက်စကားပြောကြားပြီး လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းမင်းထွန်းနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်ဇော်ထွန်းတို့မှ စီမံကိန်း စက်ဝန်းနှင့်ပက်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပါသည်။ 

အစည်းအဝေးတွင် တိုင်းဒေသကြီး ဝန်ကြီးအပါအဝင် မြို့နယ် စည်ပင်ကော်မတီ အဖွဲ့များ ဌာနဆိုင်ရာများ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ INGos NGOss CSOs များ နိုင်ငံရေးပါတီများ ကျေးရွာအုပ်ချုပ်ရေးမှူးများ ကျေးရွာရပ်မိရပ်ဖများ စုစုပေါင်း (218 ) ခန့်တက်ရောက်ခဲ့ကြသည်။

၄င်းနောက် နိဂုံးချုပ်အနေဖြင့် မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောသလေးစောမှ ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားအား ရုတ်သိမ်းခဲ့ပါသည်။