ဒေးဒရဲမြို့နယ် လူထုဗဟိုပြု စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး မိတ်ဆက်ရှင်းလင်းမှု အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

 

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန၊ ဧရာ၀တီတိုင်း ဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ဒေးဒရဲမြို့နယ် လူထုဗဟိုပြု စီမံကိန်း ကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး မိတ်ဆက်ရှင်းလင်းမှု အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက်  ၉ နာရီခွဲ အချိန်တွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ ၊ဧရာ၀တီတိုင်း ဒေသကြီးစိုက်ပျိုးရေး၊မွေးမြူရေး၊ သယံဇာတနှင့် ပတ်၀န်းကျင် ထိန်းသိမ်းရေး ၀န်ကြီး     ဦးတင်အောင်၀င်းမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (ရုံးချုပ်) ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဒေါ်ညိုညို၀င်းမှ အမှာစကား ပြောကြားခြင်း၊ ကမ္ဘာ့ဘဏ် ကိုယ်စားလှယ် တစ်ဦးမှ မိတ်ဆက်စကား ပြောကြားခြင်းနှင့် တိုင်းဒေသကြီး ဦးစီးမှူး ဦးနေထက်ရှိန်မှ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပါသည်။



အဆိုပါ အခမ်းအနားကို ​​ဧရာ၀တီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်မှ လွှတ်​တော် ကိုယ်စားလှယ်များ၊ ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန (ရုံးချုပ်) မှ တာဝန်ရှိသူများ၊ တိုင်း​ဒေသကြီး အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ ၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ပြီး တက်ရောက် လာသူများမှ စီမံကိန်း အ​​ကြောင်း သိလိုသည်များအား မေးမြန်း ဆွေးနွေးခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပဆောင်ရွက်ခဲ့ပါသည်။