ဖားဆောင်းမြို့နယ်တွင် ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေး နှစ် Cash for Work စီမံကိန်း လုပ်ငန်းများအား မြို့နယ် စာရင်းစစ်ရုံးမှ ကွင်းဆင်း စစ်ဆေး

Audit for Cash for Work Activities in Hpasawng Conducted by Respective Officials

Kayah, 15 November 2020,

 

Covid-19 Economic Relief Plan (CERP) စီးပွားရေး ကုစားမှု အစီအစဉ် အရ ကျေးလက်ဒေသ နေ မိသားစုများ ဝင်ငွေ လျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန် အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကယားပြည်နယ် ဖားဆောင်းမြို့နယ်တွင် Cash for Work (CFW) စီမံကိန်း ဖြင့် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအား မြို့နယ် စာရင်းစစ် အဖွဲ့နှင့်အတူ နိုဝင်ဘာလ ဒုတိယ အပတ်က ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

ဖားဆောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ (CFW) စီမံကိန်း ဆောင်ရွက်ခဲ့သည့် မော်ချီး တောင်ပေါ်၊ လိုခါးလို၊ မော်ချီးအောက်၊ ရေပူ၊ ခဲမဖြူ၊ စုစည်း၊ ဖားဆောင်း တောင်ပေါ်၊ နန်းကစ်၊ ပါပု၊ ကျောက်ပဲညို၊ ဝမ်အောင်း ကျေးရွာတို့တွက် ဆောင်ရွက်ခဲ့သော Cash for Work စီမံကိန်း လုပ်ငန်း များအား Estimate ပါ လုပ်ငန်းများအတိုင်း ဆောင်ရွက်ထားရှိမှု ရှိမရှိနှင့် သတ်မှတ် စံချိန် စံညွှန်း ကိုက်ညီမှု ရှိမရှိ တို့အား မြို့နယ် စာရင်းစစ် အဖွဲ့မှ မြေပြင် အခြေအနေ ကွင်းဆင်း စစ်ဆေးမှု ပြုလုပ်ခဲ့ကြသည်။

၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်တွင် ဖားဆောင်းမြို့နယ် အတွင်း Cash for Work စီမံကိန်းအား ကျေးရွာ ၁၁ ရွာတွင် ကျေးရွာများအတွက် လိုအပ်သော ဖွံ့ဖြိုးရေး လုပ်ငန်းများအား ကျေးရွာ တစ်ရွာလျှင် ခွင့်ပြုငွေကျပ် သိန်း ၁၀၀ ဖြင့် လုပ်အားခ ၆၀ ရာခိုင်နှုန်း၊ ပစ္စည်းဖိုး ၄၀ ရာခိုင်နှုန်း အချိုးအရ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

သတင်း - ချစ်ဦးကိုကို (နွားထိုးကြီး)

#CFW, #NCDDP, #DRD, #MOALI, #WorldBank

Credit – Development News TV

https://web.facebook.com/108312817273501/videos/674923226527098