ပြည် ခရိုင် မြို့နယ် ၆ မြို့နယ်မှာ ဆောင်ရွက်မည့် စီမံကိန်း လုပ်ငန်းတွေအတွက် အစည်းအဝေးကျင်းပ

Meeting Organized through Video Conferencing for Development Activiities to Implement in Pyay District for 2020–2021 Fiscal Year

Bago, 10 November 2020, SkyNet Media Coverage

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာန ပြည် ခရိုင် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ကွပ်ကဲမှု အောက်မှာ ရှိတဲ့ မြို့နယ် ၆ မြို့နယ်မှာ ၂၀၂၀ -၂၀၂၁ ခု ဘဏ္ဍာရေးနှစ်မှာ အကောင်အထည်ဖော် ဆောင်ရွက်မယ့် မြစိမ်းရောင် ကျေးရွာ စီမံကိန်း၊ VDP ၊ Cash for Work နဲ့ VRFP စီမံကိန်းတွေ ဆွေးနွေးပွဲကို နိုဝင်ဘာလ ၉ ရက်နေ့ မနက် ၁၀ နာရီ အချိန်က Video Conferencing စနစ်နဲ့ ကျင်းပ ပြုလုပ်တယ်လို့ သိရပါတယ်။

ရှေးဦးစွာ ပြည်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ခရိုင် ဦးစီးမှူး ဦးသိန်းထိုက်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ပေါင်းတည်၊ ပြည်၊ သဲကုန်း၊ ပေါက်ခေါင်း၊ ပန်းတောင်း နဲ့ ရွှေတောင်မြို့နယ် မြို့နယ် ဦးစီးမှူးတွေက ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်မှာ မိမိတို့ မြို့နယ် အတွင်းမှာ ဆောင်ရွက်မယ့် စီမံကိန်း လုပ်ငန်းတွေ အတွက် ကြိုတင် ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေတွေကို ရှင်းလင်း တင်ပြခဲ့ပါတယ်။

အဲဒီ ဆွေးနွေးပွဲကို ပြည်ခရိုင်နဲ့ ခရိုင်အတွင်းမှာ ရှိတဲ့ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့က ဝန်ထမ်း ၄၉ ဦး တက်ရောက်ခဲ့ကြပါတယ်။

သတင်း - သူရိန် (DRD)

#NCDDP, #DRD, #MOALI, #WorldBank

Credit - SkyNet Media Coverage

https://youtu.be/J989a0AsDRU