စစ်ကိုင်းတိုင်း ဒေသကြီး မော်လိုက်မြို့၌ ငွေပေး အလုပ်ပေးစနစ် Cash for Work စီမံကိန်းဖြင့် ဆောင်ရွက်ခဲ့သည့် ကျေးရွာ (၆) ရွာမှ လုပ်ငန်းများ ရာခိုင်နှုန်း ပြည့်ပြီးစီး

Cash for Work Project Activities in 6 Villages of Mawlaik Completed 100 Percent

Sagaing, 30 September 2020, Ministry of Information

မော်လိုက် စက်တင်ဘာ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ အကောင် အထည် ဖော် ဆောင်ရွက်ခဲ့သည့် Cash for Work စီမံကိန်းဖြင့် ဆောင်ရွက် ခဲ့သည့် ကျေးရွာ (၆)ရွာမှ ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများ အားလုံး ရာခိုင်နှုန်း ပြည့်ပြီး စီးပြီဖြစ်ကြောင်း မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ မြို့နယ် ဦးစီး မှူး ဦးဟန်မင်းဆွေထံမှ သိရသည်။

မော်လိုက်မြို့နယ်တွင် ကျေးရွာ တစ်ရွာလျှင် Cash for Work စီမံကိန်း ရန်ပုံငွေ ကျပ် သိန်း (၁၀၀) ဖြင့် မန်နွဲကျေးရွာတွင် အရှည်ပေ(၂၅၀၀)ရှိ ကျေးရွာတွင်း ဂျင်းလမ်း ခင်းခြင်း၊ အရှည်ပေ (၁၈၀၀)ရှိ လမ်းဘေး ရေးမြောင်း တူးဖော်ခြင်းနှင့် Slab Culvert တစ်စင်းကို လည်းကောင်း၊ နန်းဖြူကျေးရွာတွင် အရှည်ပေ(၁၈၀၀)ရှိ ကျေးရွာတွင်း ဂျင်း လမ်းခင်းခြင်း၊ အရှည်ပေ(၄၄၀၀)ရှိ လမ်းဘေး ရေ မြောင်းတူးခြင်းနှင့် Slab Culvert နှစ်စင်း ကို လည်းကောင်း၊ ဆွတ်နန်း ကျေးရွာတွင် အရှည်ပေ (၇၀၀)ရှိ လမ်း ဘေး ကွန်ကရစ်ဘောင် ပြုလုပ်ခြင်း နှင့် အရှည်ပေ(၈၃၀)ရှိ ကျေးရွာတွင်း ဂျင်းလမ်းခင်း ခြင်းကိုလည်းကောင်း၊ ရွာတန်းရှည် ကျေးရွာတွင် အရှည်ပေ (၂၀၀၀)ရှိ ကျေးရွာတွင်း ဂျင်းလမ်းခင်း ခြင်း၊ အရှည်ပေ (၂၃၀၀)ရှိ လမ်းဘေး ရေမြောင်းတူးခြင်းနှင့် Slab Culvert သုံးစင်းကိုလည်းကောင်း၊ ရွာသစ်ကျေးရွာတွင် အရှည်ပေ(၂၅၀၀)ရှိ ကျေးရွာ တွင်း ဂျင်းလမ်းခင်းခြင်းနှင့် Slab Culvert (၆)စင်းနှင့် နားပင်+ကြို့ကုန်း+ ဝါးရုံကုန်း ကျေးရွာများတွင် အရှည်ပေ (၁၀၀၀)ရှိ ကြို့ကုန်း-နားပင် လမ်း ဂျင်းခင်းခြင်း၊ အရှည် ပေ(၂၃၀၀)ရှိ နားပင်ကျေးရွာ လမ်းဘေးရေမြောင်း တူးခြင်း၊ အရှည်ပေ (၁၀၀)ရှိ ကြို့ ကုန်းကျေးရွာ ရေကာနံရံ တည်ဆောက်ခြင်းနှင့် အရှည်ပေ(၂၀၀)ရှိ ဝါးရုံကုန်း ကျေးရွာ ရေကာနံရံ တည်ဆောက် ခြင်း လုပ်ငန်းများကို ဇူလိုင်လမှစတင်၍ အကောင် အထည် ဖော်ဆောင်ရွက် ယခုအခါ လုပ်ငန်းများအားလုံး ရာခိုင်နှုန်း ပြည့် ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

“အဆိုပါ Cash for Work စီမံကိန်းသည် COVID-19ရောဂါကာလ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် ဆောင်ရွက် စီမံ ပေးသော စီမံကိန်းတစ်ခုဖြစ်သည်နှင့်အညီ ဝင်ငွေ နည်း ပါးသည့် ကျေးလက် နေပြည်သူများ အတွက် အလုပ် အကိုင် အခွင့်အလမ်းများ ရရှိပြီး မိသားစုဝင်ငွေများ တိုးပွားလာမည် ဖြစ်ကြောင်း မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဟန်မင်းဆွေ ထံမှသိရသည်။

မော်လိုက်သားလေး

#CFW, #CERP, #DRD, #MOALI

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/13646