ပေါင်းတည် မြို့နယ် အတွင်း Cash for Work စီမံကိန်း ကျေးရွာ ၉ ရွာ လုပ်ငန်းများ ၉၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီး

ကိုဗစ်-၁၉ ရောဂါကြောင့် ကျေးလက်နေ ပြည်သူများရဲ့ လူမှု စီးပွားဘဝ ထိခိုက်မှုများကို တုန့်ပြန်ဆောင်ရွက်တဲ့ အနေနဲ့ မိသားစု ဝင်ငွေ ရရှိရေးအတွက် ပဲခူးတိုင်း ဒေသကြီး ပြည်ခရိုင် ပေါင်းတည် မြို့နယ် အတွင်း Cash for Work စီမံကိန်း နဲ့ ပြန်ချီတက် ကျေးရွာတွင်းလမ်း မြေနီ ကျောက်စရစ်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို စက်တင်ဘာလ ၄ ရက်နေ့ မနက်က ပြည်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင် ဦးစီးမှူး ဦး သိန်းထိုက်ဦး ဦးဆောင်တဲ့ အဖွဲ့က ပေါင်းတည်မြိုနယ် ဦးစီးမှူး ဦးယုနိုင်လင်းနဲ့ ဝန်ထမ်းများ လိုက်ပါလျက် ကျေးရွာ ကော်မတီဝင်များနဲ့အတူ စီမံကိန်း လုပ်ငန်းများ မြေပြင်မှာ ဆောင်ရွက် ထားရှိရာ သတ်မှတ် အတိုင်းအတာ ပြည့်မှီခြင်း ရှိမရှိနဲ့ စာရင်း ဇယားများ M & E ပုံစံများ စုံလင်အောင် ဖြည့်သွင်းထားရှိမှုတို့ကို ကွင်းဆင်း ကြည့်ရှု့ရာ ပေါင်းတည် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ စီမံကိန်း တာဝန်ခံ အင်ဂျင်နီယာများက လုပ်ငန်းများ ဆောင်ရွက် ထားရှိမှုနဲ့ ပတ်သတ်ပြီး ရှင်းလင်း ခဲ့တယ်လို့ သိရပါတယ်။

၂၀၁၉-၂၀၂၀ ခုနှစ် ဘဏ္ဍာရေးနှစ် ပေါင်းတည် မြို့နယ်အတွင်း ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရဲ့ Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေ ကျပ် သိန်း ၁၀၀ စီကို အသုံးပြုပြီး၊ ကျေးရွာပေါင်း ၉ ရွာမှာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာ လုပ်ငန်းများ ၉၅ ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီးပြီ ဖြစ်ကြောင်း သိရပါတယ်။

သတင်း - သူရိန် (ကျေးလက်)

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage