လွိုင်ကော် ရှားတော လူထုဗဟိုပြု စီမံကိန်း လေးနှစ်တာ ဆောင်ရွက်ပြီးစီးခဲ့သည့် ကျေးရွာ အုပ်စုများသို့ စာရွက်စာတမ်း ဖိုင်များ လွဲပြောင်းပေးအပ်

NCDDP’s Documentation for Completed Activities in Four Year Project Cycles Handed Over to Respective Village Tract Development Committees in Loikaw and Shadaw

Kayah, 21 October 2020, Development News TV

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာ၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မှ အကောင်အထည်ဖော် ဆောင်ရွက်သော လွိုင်ကော်၊ ရှားတော မြို့နယ် လူထု ဗဟိုပြု စီမံကိန်းမှ ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ကျေးရွာ အခြေခံ အဆောက်အဦးများ၊ လမ်းတံတား၊ ရေပေးရေးနှင့် မီးလင်းရေး လုပ်ငန်းများအား လူထု ဗဟိုပြု ချည်းကပ် နည်းလမ်းများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသည်မှာ ပထမနှစ်၊ ဒုတိယနှစ်နှင့် ယခု စတုတ္ထနှစ် စီမံကိန်း စက်ဝန်းများအား အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီးခဲ့ပြီ ဖြစ်ကြောင်း လွှိုင်ကော် - ရှားတော မြို့နယ် လူထု ဗဟိုပြု စီမံကိန်း ရုံးမှ သိရပါတယ်။

ထိုကဲ့သို့ လေးနှစ်တာ စီမံကိန်း စက်ဝန်းအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီး ခဲ့သည့် စီမံကိန်း လုပ်ငန်း ခွဲများအား စီမံကိန်း ပိတ်သိမ်းချိန် လူထု စစ်ဆေးပွဲများလည်း အလုံးစုံ ဆောင်ရွက်ပြီးစီးခဲ့ပြီ ဖြစ်၍ ဆောင်ရွက်ခဲ့သည့် ကျေးရွာများ၏ ဝယ်ယူရေး ဖိုင်များ၊ ငွေစာရင်းဖိုင်များ၊ စီမံကိန်း လုပ်ငန်းခွဲများနျင့် ဆက်စပ်သည့် စာရွက်စာတမ်းများအား လွိုင်ကော်- ရှားတော မြို့နယ် ရှိ ကျေးရွာ အုပ်စု ၁၅ အုပ်စု ၏ ဖိုင်များအား သက်ဆိုင်ရာ အုပ်စု ၏ လူထု ဗဟိုပြု ကော်မတီဝင်များထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ပြီး၊ စာရွက်စာတမ်းများ ဖိုင်များအား လွှဲပြောင်းပေးခြင်းမှ လူထု ဗဟိုပြု စီမံကိန်း ကော်မတီဝင်များအကြား ပွင့်လင်း မြင်သာမှု ပိုမို ရရှိစေ ခြင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှု ပိုမိုရှိလာစေခြင်း၊ စာရင်းဇယားများ ပြုစု ထိန်းသိမ်း တတ်လာစေခြင်း၊ ဆောင်ရွက်ခဲ့သော စီမံကိန်း လုပ်ငန်းခွဲများ ရေရှည် တည်တံ စေရန်နှင့် သက်ဆိုင်သည့် စာရင်းဇယားများအား လာရောက် စစ်ဆေးခြင်း ပြုလုပ်သည့်အခါတွင် အခါအားလျော်စွာ လွယ်လင့်တစ်ကူ စစ်ဆေး လမ်းညွှန်မှု ပြုနိုင်စေရန် အတွက် ရည်ရွယ်ခြင်း ဖြစ်ကြောင်း၊ လွိုင်ကော်-ရှားတော မြို့နယ် လူထု ဗဟိုပြု စီမံကိန်း တာဝန်ခံ ဒေါ်အိအိခင်က ပြောပါတယ်။

လွိုင်ကော်-ရှားတော မြို့နယ် လူထု ဗဟိုပြု စီမံကိန်း အနေဖြင့် လေးနှစ်တာ စီမံကိန်း ကာလအတွင်း ကျေးရွာ အုပ်စု ၁၅ အုပ်စုရှိ ကျေးရွာပေါင်း ၁၃၉ ရွာအတွက် စုစုပေါင်း စီမံကိန်း လုပ်ငန်းခွဲပေါင်း ၃၂၈ ခုအတွက် စီမံကိန်း ထောက်ပံ့ငွေ စုစုပေါင်း ၃၆,၆၃၀ သိန်းနှင့် လူထု ထည့်ဝင်ငွေ စုစုပေါင်း ၂၇၈,၆၉၈,၃၆၆ ကျပ် ဖြင့် စီမံကိန်း လေးနှစ်အတွင်း စီမံကိန်း ထောက်ပံ့ငွေ စုစုပေါင်း ၃၉၄၁,၆၉၈,၃၆၆ ကျပ်ဖြင့် ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ဆောင်ရွက်ပြီးစီးခဲ့ပြီး၊ ယခု ကဲ့သို့ ကျေးရွာ လူထုများ၏ ပူးပေါင်းမှု အားကောင်းစွာဖြင့် စီမံကိန်း လုပ်ငန်းခွဲများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးနိုင်ခဲ့သည့် အတွက် ကျေးရွာများ၏ စီးပွားရေး, လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ကိစ္စရပ်များ များစွာ အထောက်အကူပြု စေမည် ဖြစ်ကြောင်း သိရပါတယ်။

သတင်း - ရှမ်းလေး (လွိုင်ကော်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – Development News TV

https://web.facebook.com/108312817273501/videos/664284130944634