ပန်းတောင်းမြို့နယ် ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်း နှင့် လူထု ဗဟိုပြု စီမံကိန်း လုပ်ငန်းများကို ကြည့်ရှု့ စစ်ဆေး

NCDDP’s Project and Village Revolving Fund Activities in Padaung Monitored by Respective Officials

Bago, 16 November 2020, SkyNet Media Coverage

ပဲခူးတိုင်း ဒေသကြီး ပြည်ခရိုင် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ပြည်ခရိုင် ဦးစီးမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဦး၊ မြို့နယ် ဦးစီးမှူး ဦးထွန်းသန်းဇော်နဲ့ တာဝန်ရှိသူတွေက ပန်းတောင်းမြို့နယ် အတွင်း အကောင်အထည် ဖော် ဆောင်ရွက်နေတဲ့ ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်း VRFP နဲ့ လူထု ဗဟိုပြု စီမံကိန်း (CDD) စီမံကိန်း လုပ်ငန်းတွေ ဆောင်ရွက် ထားရှိမှုကို နိုဝင်ဘာလ ၁၄ ရက်နေ့က ကွင်းဆင်း စစ်ဆေး ခဲ့ကြပါတယ်။

အဲဒီ အဖွဲ့က ညောင်ပင် အုပ်စု တောမ (အထက်) ကျေးရွာမှာ VRFP စီမံကိန်း အား စာရင်း ဇယား ပုံစံတွေ ဖြည့်သွင်းတာ အဆိုပြု လုပ်ငန်းတွေ ကြီးကြပ်ဆောင်ရွက်တာနဲ့ တောမ (အောက်) ကျေးရွာမှာ လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေနဲ့ လျှပ်စစ် မီးကြိုး မီးတိုင် ဆောက်လုပ် ပြီးစီးမှုတွေကို ကြည့်ရှု့ စစ်ဆေး ခဲ့ပြီးတော့ လိုအပ်တာတွေကို ပေါင်းစပ် ဆောင်ရွက် ပေးခဲ့ကြပါတယ်။

တောမ (အထက်) ကျေးရွာမှာ ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်း VRFP စီမံကိန်းကနေ Type 1 ထောက်ပံ့ငွေကျပ် သိန်း ၃၀၀ နဲ့ စိုက်ပျိုးရေး လုပ်ငန်း၊ မွေးမြူရေး လုပ်ငန်း၊ ရောင်းဝယ်ရေးလုပ်ငန်း၊ အသက်မွေး လုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပြီးတော့ တောမ (အောက်) ကျေးရွာမှာတော့ လူထု ဗဟိုပြု စီမံကိန်း (CDD) စီမံကိန်း ထောက်ပံ့ငွေကျပ် ၁၀၈ သိန်းနဲ့ မီးတိုင် မီးကြိုး သွယ်တန်းတဲ့ လုပ်ငန်းတွေ အကောင်အထည် ဖော် ဆောင်ရွက်ပြီးပြီလို့ သိရပါတယ်။

သတင်း - အောင် ကျော်ကျော် (ပန်းတောင်း)

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage