မိုးကောင်းမြို့နယ် နန့်ခွင်ကျေးရွာတွင် လူထု ဗဟိုပြု စီမံကိန်းလုပ်ငန်းများ လူထုစစ်ဆေးပွဲကျင်းပ

Social Audit Conducted for NCDDP’s Sub-project Activities Nant Kwin Village of Mogaung

Kachin, 11 October 2020, SkyNet Media Coverage

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းရဲ့ ၇၄ ရွာမြောက် လူထု စစ်ဆေးပွဲကို အောက်တိုဘာလ ၉ ရက်နေ့ မနက်ပိုင်းက နန့်ခွင်ကျေးရွာအုပ်စု၊ နန့်ခွင်ကျေးရွာမှာ ကျင်းပခဲ့ပါတယ်။

မိုးကောင်းမြို့နယ်၊‌ နန့်ခွင်ကျေးရွာအုပ်စု၊ နန့်ခွင်ကျေးရွာတွင် လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းမှာ လမ်းထိန်းနံရံနှင့် Pipe Culvert၊ Box Culvert များ တည်ဆောက်ခြင်းနဲ့ ကျေးရွာဘက်စုံသုံး ခန်းမဆောင် တည်ဆောက်ခြင်းစတဲ့ လုပ်ငန်းခွဲ ၂ ခုကို စီမံကိန်း ထောက်ပံ့ ရန်ပုံငွေနဲ့ ကျေးရွာ လူထု ထည့်ဝင်ငွေ စုစုပေါင်း ကုန်ကျငွေကျပ် ၅၇၃ သိန်းကျော် (စီမံကိန်း ထောက်ပံ့ ရန်ပုံငွေ ၅၆,၂၇၆,၆၀၀ ကျပ်နှင့် ကျေးရွာလူထု ထည့်ဝင်ငွေ ၁,၀၅၀,၀၀၀ ကျပ်) နဲ့ ဖော်ဖေါ်ဝါရီလ ၅ ရက်နေ့က လုပ်ငန်း စတင်ခဲ့ရာ စက်တင်ဘာလ ၂၈ ရက်နေ့တွင် လုပ်ငန်းများ ၁၀၀ ရာခိုင်နှုန်း ပြီးစီးခဲ့ရာ စီမံကိန်း ကာလ ၄ နှစ်အတွက် စာရင်း ဇယားများကို စစ်ဆေးပြီးစီးတာကြောင့် လူထု စစ်ဆေးပွဲကို ကျင်းပ ပြုလုပ်ခြင်း ဖြစ်ကြောင်း မြို့နယ် ဦးစီးမှူး ဒေါ်အေးအေးလင်းထံမှ သိရပါတယ်။

သတင်း - ဧဧလေး

Credit- SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank