ထီးလင်း မြို့နယ်မှာ လူထု ဗဟိုပြု စီမံကိန်း လုပ်ငန်းခွဲ ၁၃၈ ခု ပြီးစီး၊ ပူတာအိုမြို့နယ်တွင်း တတိယနှစ် စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်မှုကို တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေး

NCDDP’s Village Hall Construction in Tsum Pi Yang Village of Puta-O Monitored by Respective Officials

Kachin, SkyNet Media Coverage

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဉီးစီးဌာန နှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတဲ့ ကချင်ပြည်နယ် ပူတာအိုမြို့နယ် လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စီမံကိန်း ကျေးရွာ ခန်းမဆောင်လုပ်ငန်း ဆောင်ရွက်လျက် ရှိတဲ့ ဆမ်ပီယန် အုပ်စု ဆမ်ပီယန် ကျေးရွာကို ကွင်းဆင်း စစ်ဆေးခဲ့ကြပါတယ်။

လူထု ဗဟိုပြု စီမံကိန်းမှ ဒုတိယ ဦးစီးမှူး ဦးနေမျိုး၊ နည်းပညာ အကြံပေးအဖွဲ့မှ ကျား-မ ရေးရာ တာဝန်ခံ ဦးမောင်မောင်ချစ်၊ တာဝန်ကျ လက်ထောက်နည်း ပညာမှူးနဲ့ လူထု စည်းရုံးရေးမှူးများ လိုက်ပါဆောင်ရွက်ခဲ့ပြီး၊ ကျေးရွာ ကော်မတီဝင်များနဲ့ ကျေးရွာ လူထုများနဲ့တွေ့ဆုံကာ လုပ်ငန်း ဆောင်ရွှက်နေမှုကို ချမှတ်ထားတဲ့ ဒီဇိုင်းများ ဝယ်ယူထားတဲ့ ပစ္စည်းများ အရည်အသွေး ပြည့်မီမှု ရှိမရှိ စစ်ဆေးခဲ့ပြီး လိုအပ်တဲ့ လမ်းညွှန်မှုများကို အကြံပြု ဆွေးနွေးခဲ့ပါတယ်။

အလားတူ မကွေးတိုင်း ဒေသကြီး ဂန့်ကောခရိုင် ထီးလင်းမြို့နယ်မှာ လူထု ဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ လုပ်ငန်းအားလုံး ပြီးစီးပြီ ဖြစ်ပါတယ်။

စတုတ္ထနှစ် စက်ဝန်းမှာ ထီးလင်း မြို့နယ်မှာ ကျေးရွာ ၉၃ ရွာ ရှိတဲ့အနက် ၉၁ ရွာမှာ စီမံကိန်း လုပ်ငန်းခွဲ ၁၃၈ ခုကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ စုစုပေါင်း ကုန်ကျငွေ သိန်း ပေါင်း ၁၉၈၃ သန်း ကုန်ကျကာ ယခုအခါ လူထု စစ်ဆေးပွဲများနှင့် အဆိုပါ လုပ်ငန်းများမှာ ရာနှုန်းပြည့် ပြီးစီးနေပြီ ဖြစ်ပါတယ်။

သတင်း - မိုင်းဉာဏ်လင်း၊ ကျော်ဇေယျ (CSAGS)

Credit - SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank