လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြု စီမံကိန်းမှ ထော်ရွဲကမ်းနား ကျေးရွာရှိ ရွာတွင်း ကွန်ကရစ်လမ်းခင်း

NCDDP's Village Concrete Street Construction in Htaw Ywe Kan Nar Village of Hlaingbwe Kicked Off

Kayin, 1 November 2020, SkyNet Media Coverage

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လူထုဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း) မှာ အင်းနို့သိပ္ပံ ကျေးရွာအုပ်စု ထော်ရွဲကမ်းနား ကျေးရွာမှာရှိတဲ့ ရွာတွင်း ကွန်ကရစ်လမ်း လုပ်ငန်းကို အောက်တိုဘာလ ၂၉ ရက်နေ့က စတင်ပြီးတော့ လူထု ဗဟိုပြု စီမံကိန်းမှ ထောက်ပံ့ ငွေ သန်း ၂၀ ကျော်နဲ့

အကောင်အထည်ဖော် ဆောင်ရွက်နေပြီး လှိုင်းဘွဲ့မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ မြို့နယ် နည်းပညာ အကြံ ပေး အဖွဲ့တို့ရဲ့ စနစ်တကျ လမ်းညွှန်မှု၊ လက်ထောက် နည်းပညာမှူး ဒေါ်ဇီဇဝါပွင့်၊ လူထုစည်းရုံးရေးမှူး ဦးသန်းထိုက်စိုးသူ တို့ရဲ့ အနီးကပ် ကြီးကြပ်မှုနဲ့ ကျေးရွာသူ/ ကျေးရွာသားတို့ရဲ့ ပူးပေါင်း ပါဝင်မှုတွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်တာ ဖြစ်ပါတယ်။

သတင်း - ခင်စန်းမြင့် (ပြန်/ဆက်)

#CFW, #NCDDP, #DRD, #MOALI, #WorldBank

Credit- SkyNet Media Coverage