ရမည်းသင်း မြို့နယ် လွှစင် ကျေးရွာ စာသင်ကျောင်း ခြံစည်းရိုး ကာရန်ခြင်း လုပ်ငန်းအား ကွင်းဆင်း စစ်ဆေး

School Compound Fencing Activities in Yamethin Monitored by Respective Officials

Mandalay, 19 October 2020, SkyNet Media Coverage

မန္တလေးတိုင်း ဒေသကြီး ရမည်းသင်း ခရိုင် ရမည်းသင်း မြို့နယ် လွှစင် ကျေးရွာ အုပ်စု လွှစင် ကျေးရွာမှာ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက လူထု ဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်း ပံ့ပိုးငွေနဲ့ ာ ကျေးရွာ စာသင်ကျောင်း ခြံစည်းရိုး ကာရန်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေကို အောက်တိုဘာ ၁၇ ရက်နေ့က မြို့နယ် စီမံကိန်း တာဝန်ခံ ဦးမျိုးမြင့်အောင်နှင့် တာဝန်ရှိသူတွေက ကျေးရွာ ကော်မတီဝင်တွေ၊ ရပ်မိ ရပ်ဖတွေနဲ့ တွေ့ဆုံကာ ကွင်းဆင်း စစ်ဆေးပြီး သတ်မှတ် စံချိန် စံညွှန်းတွေနဲ့ အညီ အချိန်မှီ ပြီးစီးအောင် ဆောင်ရွက် သွားကြဖို့နဲ့ ကျေးရွာ ကော်မတီဝင်တွေကလည်း လုပ်ငန်းခွင်အတွင်း စနစ်တစ်ကျ စောင့်ကြည့် ကြီးကြပ်သွားဖို့ လမ်းညွှန်မှာကြားခဲ့ပါတယ်။

အဲဒီ ကျေးရွာ စာသင်ကျောင်း ခြံစည်းရိုး ကာရန်ခြင်း ကို စီမံကိန်း ထောက်ပံ့ငွေကျပ် ၁၇ ဒသမ ၃ သန်းနဲ့ ကျေးရွာ ပြည်သူလူထု ထည့်ဝင်ငွေ ၁ ဒဿမ ၂ သန်း စုစုပေါင်း ငွေကျပ် ၁၈ ဒသမ ၅ သန်းနဲ့ အကောင် အထည်ဖော် ဆောင်ရွက်တာ ဖြစ်ပါတယ်။

သတင်း - ရဲအောင် (ကျေးလက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage