လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်မည့် လုပ်ငန်းများအား စိစစ်ရွေးချယ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကမ္ဘာ့ ဘဏ် အကူအညီနဲ့ လှိုင်းဘွဲ့ မြို့နယ် လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်းမှာ အကောင်အထည်ဖော် ဆောင်ရွက်မယ့် လုပ်ငန်းတွေ စီစစ်ရွေးချယ် ရွေးချယ်ပွဲကို ဇူလိုင်လ ၁၇ ရက်နေ့က ထီလုံကျေးရွာ ဓမ္မာရုံမှာ ကျင်းပတယ်လို့ သိရပါတယ်။

 

အဲလို ရွေးချယ်ရာမှာ ထီလုံ ကျေးရွာ မူလတန်းလွန်ကျောင်း ဆောက်လုပ်ခြင်း၊ ကုလားကုန်း ကျေးရွာနှင့် စစ်မှုထမ်းဟောင်း ကျေးရွာ မီးကြိုးမီးတိုင်သွယ်တန်းတာ ၊ တညင်းကုန်းကျေးရွာ ကျေးရွာခန်းမဆောင် ဆောက်လုပ်ခြင်းတွေကို ပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

စိစစ်ရွေးချယ်ပွဲကို ကျေးရွာစီမံကိန်း အထောက်အကူပြုကော်မတီဝင်တွေ၊ ကျေးရွာ ခေါင်းဆောင်တွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ တက်ရောက်ခဲ့ပြီး လူထုဗဟိုပြုစီမ့ကိန်း စည်းရုံးရေးမှူးတွေ မြို့နယ်ကျေးလက်ဒေ သဖွံ့ဖြိုး တိုးတက်ရေး ဝန်ထမ်းတွေနဲ့ နည်းပညာ အကြံပေးအဖွဲ့တွေက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

 

သတင်း - ခင်စန်းမြင့်(ပြန်/ဆက်)

Credit – SkyNet Media Coverage

#NCDDP, #DRD, # MOALI, # WorldBank