ကျောက်ကြီးမြို့နယ် လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော်ရန် ကျန်ရှိနေသော ကျေးရွာများတွင် အကောင်အထည်ဖော်ရေး အစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီး မြို့နယ်မှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်ထည်ဖော်ဆောင်ရွက်နေတဲ့

လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်း အကောင်အထည် ဖော် ဆောင်ရွက်ဖို့ ကျန်ရှိနေတဲ့ ကျေးရွာတွေ အတွက် အကောင်အထည်ဖော်ရေး

နည်းလမ်းရွေးချယ်ခြင်းနဲ့ ဝယ်ယူရေး အစီအစဉ် ရေးဆွဲခြင်း အစည်းအဝေးကို ဇန်နဝါရီ ၂၂ ရက် မွန်းလွဲ တစ်နာရီက ဝက်လှတော ကျေးရွာအုပ်စု

ဝက်လှတော ကရင် ကျေးရွာ အုပ်ချုပ်ရေးမှုးရုံးမှာ ကျင်းပပါတယ်။

 

အစည်းအဝေးမှာ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြု စီမံကိန်းမှ လူထု စည်းရုံးရေးမှုးနဲ့ လက်ထောက်

နည်းပညာမှုးတွေက ဦးဆောင်ပြီး ကျေးရွာ ကော်မတီဝင်တွေ၊ ကျေးရွာ ရာအိမ်မှုး၊ ရပ်မိ ရပ်ဖတွေ၊ ကျေးရွာသူ ကျေးရွာသားတွေထံက

အကြံဉာဏ်တွေ ရယူပြီး အကောင်အထည်ဖော်မယ့် နည်းလမ်းတွေ လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ယူရရှိနိုင်မယ့် အရင်းအမြစ်တွေနဲ့ ပစ္စည်းတန်ဖိုး

အရည်အသွေးနဲ့ အကောင်အထည်ဖော်ရေး အစီအစဉ်တွေကို အသေးစိတ် ညှိနှိုင်းတိုင်ပင် ဆွေးနွေးကြပါတယ်။

 

အဲဒီ ဝက်လှတော ကရင်ကျေးရွာဟာ အခုနှစ် စီမံကိန်း စက်ဝန်းမှာ ရွာတွင်းလမ်း ဂဝန်ခင်းခြင်းနဲ့ မြေသားလမ်းခင်းခြင်းလုပ်ငန်းခွဲ နှစ်ခုကို

အကောင်အထည်ဖော် ဆောင်ရွက်မှာ ဖြစ်ပြီး အစည်းအဝေး ပြီးဆုံးပြီးတဲ့နောက် ကော်မတီဝင်တွေက ဝယ်ယူရေး အစီအစဉ်တွေ အတိုင်း

ထောက်ပံ့ ရန်ပုံငွေတွေကို စနစ်တစ်ကျ ထုတ်ယူသုံးစွဲပြီး၊ စီမံကိန်း လုပ်ငန်းတွေ စတင်နိုင်တော့မှာ ဖြစ်ပါတယ်။

သတင်း - မေမြင့်မိုရ်

Credit - SkyNet Up-to-Date Channel

#DRD #NCDDP #MOALI #WorldBank