လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်းကို ပူတာအိုနဲ့ အင်္ဂပူ မြို့နယ်တို့မှာ စတင်ဆောင်ရွက်

NCDDP’s Activities for Third Year Project Cycle Kicked Off in Puta-O and Ingapu

Kachin and Ayeyarwaddy, 12 October 2020, SkyNet Media Coverage

ကချင်ပြည်နယ် ပူတာအို မြို့နယ် မူလာအွန်ကျေးရွာမှာ လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်း စီမံကိန်း ဝန်ထမ်းတွေရဲ့ ကြီးကြပ်မှုနဲ့ ကျေးရွာ ဘက်စုံသုံး ခန်းမ တည်ဆောက်လျက် ရှိပါတယ်။

အဲဒီ ခန်းမ အတိုင်းအတာမှာ အလျား ပေ ၈၀၊ အနံ ပေ ၃၀ နဲ့ အမြင့် ၁၃ ပေ ဖြစ်ပြီးတော့ ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက် များနှင့်အညီ ကျေးရွာ လူထု ကိုယ်တိုင် တည်ဆောက်နေတာပါ၊ အဲလို တည်ဆောက်နေတာကို သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနဲ့အညီ စနစ်တစ်ကျ ဆောက်လုပ်ပြီးစီးဖို့အတွက် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူးနဲ့အဖွဲ့ဟာ ကွင်းဆင်း ကြည့်ရှု့ စစ်ဆေးခဲ့ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူ မြို့နယ် လူထု ဗဟိုပြုစီမံကိန်း တတိယနှစ် စက်ဝန်းအတွက် မြို့နယ် စီမံကိန်း ရေးဆွဲရေးနှင့် အကောင်အထည်ဖော်‌ရေး ကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

ရှေးဦးစွာ မြို့နယ် စီမံကိန်း ရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီ ဥက္ကဌက အမှာ စကား ပြောကြားပြီး၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူးက အစည်းအဝေး ကျင်းပ ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကို ရှင်းလင်း တင်ပြပါတယ်။

ကျေးရွာ အုပ်စု ၅ အုပ်စုရှိ ကျေးရွာ ၂၁ ရွာမှာ လူထု ဗဟိုပြုစီမံကိန်း တတိယနှစ် စက်ဝန်းအတွက် ထောက်ပံ့ ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန် ဦးစီးပေး ရွေးချယ်ထားသည့် လုပ်ငန်းခွဲ ၂၁ ခု ကို မြို့နယ် စီမံကိန်း ရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီရဲ့ အတည်ပြုချက် ချမှတ် နိုင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

သတင်း - မင်းမြင့်မိုရ်

Credit - SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank