မင်းတပ် မြို့နယ်အတွက် လူထုဗဟိုပြု စီမံကိန်း မိတ်ဆက် ရှင်းလင်း

NCDDP’s Virtual Socialization Meeting Held for Project Implementation in Mindat

Chin, 27 November 2020, SkyNet Media Coverage

 

လူထု ဗဟိုပြု စီမံကိန်း (CDD) ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ စတင်အကောင်အထည်ဖော် ဆောင်ရွက်မယ့် ချင်းပြည်နယ် မင်းတပ် ခရိုင် မင်းတပ် မြို့နယ်မှာ လူထုဗဟိုပြု စီမံကိန်း စီမံကိန်း မိတ်ဆက် ရှင်းလင်းခြင်း အလုပ်ရုံ ဆွေးနွေးပွဲ အခမ်းအနားကို နိုဝင်ဘာလ ၂၆ ရက်နေ့ မနက်ပိုင်းက Video Conferencing စနစ်နဲ့ ကျင်းပပါတယ်။

 

အခမ်းအနားမှာ ချင်းပြည်နယ် စိုက်ပျိုးမွေးမြူရေး၊ သစ်တောနှင့် သတ္တူ ဝန်ကြီး ဦး မန်ဟင်းဒါလ်းက အဖွင့် အမှာစကား ပြောကြားပြီး၊ လူထု ဗဟိုပြု စီမံကိန်း ဒါရိုက်တာ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ညိုညိုဝင်း၊ ကမ္ဘာဘဏ် ကိုယ်စားလှယ် ညွန်ကြားရေးမှူး ဦးလှခိုင်တို့က စီမံကိန်း အကြောင်း မိတ်ဆတ်ရှင်းလင်း ပြောကြား ခဲ့ပြီး၊ မင်းတပ်မြို့နယ် အတွင်းရှိ ကျေးရွာ အုပ်စု ၄၅ အုပ်စု ကျေးရွာပေါင်း ၁၉၆ ရွာမှာ စီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

ဆက်လက်ပြီး တက်ရောက်လာသူများမှ စီမံကိန်း အကြောင်းသိရှိလိုသည်များကို မေးမြန်းကြရာ စီမံကိန်း ဒါရိုက်တာ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်း နဲ့ တာဝန်ရှိသူများက ပြန်လည် ဖြေကြားခဲ့ကြောင်း၊ မင်းတပ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးအောင်လွင်ထံမှ သိရှိရပါတယ်။

အဆိုပါ အခမ်းအနားကို ကမ္ဘာ့ဘဏ်မှ ကိုယ်စားလှယ်များ၊ ညွှန်ကြားရေးမှူးများ၊ ပြည်နယ် အစိုးရ အဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ချင်းပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ပြည်နယ် ဦးစီးမှူး ဦးကြည်စော၊ ခရိုင်၊ မြို့နယ် ကျေးလက် ဦးစီးဌာနများမှ တာဝန်ရှိ ဝန်ထမ်းများ၊ မိတ်ဖက် အဖွဲ့ အစည်းများနှင့် CSO ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြပါတယ်။

 

သတင်း - ဇော်မင်းဌေး

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage