ထီးလင်းမြို့နယ် စာရင်းစစ်ဌာနမှ ဝါရင်းချိုင် ကျေးရွာ ဘက်စုံသုံး ခန်းမဆောင် တည်ဆောက်ပြီးစီးမှုကို စစ်ဆေး ကြည့်ရှု့

ထီးလင်းမြို့နယ် စာရင်းစစ်ဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်သန်းမြင့်နှင့် အဖွဲ့ဟာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ လူထု ဗဟိုပြု စီမံကိန်း ကနေ အကောင်အထည်ဖော် တည်ဆောက်ခဲ့တဲ့ ဝါရင်းချိုင် ကျေးရွာအုပ်စု ဝါရင်းချိုင် ကျေးရွာမှာ ရှိတဲ့ ကျေးရွာ ဘက်စုံသုံး ခန်းမဆောင် တည်ဆောက်ပြီးစီးမှုကို ဇွန်လ ၁၁ ရက်နေ့က သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ပါတယ်။

 

တည်ဆောက်ထားတဲ့ ကျေးရွာ ဘက်စုံသုံး ခန်းမဆောင်ရဲ့ ငွေကြေး ပိုင်းဆိုင်ရာ အသုံးပြုမှုနဲ့ စာရင်း ဇယားတွေ မှန်ကန်မှု ရှိမရှိ အဲဒီ ဘက်စုံသုံး ခန်းမဆောင်ရဲ့ အလျား၊ အနံ၊ အမြင့်၊ ပြတင်း တံခါးပေါက် အရေအတွက်နဲ့ အလျား၊ အနံတို့ ကိုက်ညီမှု ရှိမရှိ၊ တံခါးမကြီး အပေါက် အရေအတွက်နဲ့ အလျား၊ အနံတို့ဟာ Revised Estimate နဲ့ ကိုက်ညီမှု ရှိမရှိ၊ အသုံးပြုထားတဲ့ ပစ္စည်းတန်ဖိုးနဲ့ ပစ္စည်း အရေအတွက် တွေဟာ ဆောက်လုပ်ရေး ဝန်ကြီးဌာနတွေက အတည်ပြု ထားတဲ့ အဆောက်အဦးဆိုင်ရာ အခြေခံ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီမှု ရှိမရှိတို့ကို တိုင်းတာစစ်ဆေး ခဲ့တာပါ။

 

အဲဒီ ကျေးရွာမှာ ရှိတဲ့ ဘက်စုံသုံး ခန်းမဆောင်ဟာ အလျား ပေ ၉၀၊ အနံ ၄၄ ပေ၊ အမြင့် ၁၃ ပေ ရှိပြီး၊ လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေ ၂၇၉ သိန်းနဲ့ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

 

သတင်း - ဉာဏ်တိုး (ပေါက်)

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank