မဘိမ်း မြို့နယ် ကျေးရွာ ဘက်စုံသုံး ခန်းမဆောင် တည်ဆောက်နေမှုများအား ကွင်းဆင်းကြည့်ရှု

ရှမ်းပြည်နယ် မြောက်ပိုင်း မဘိမ်း မြို့နယ်မှာ လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်းအတွက် စီမံကိန်း လုပ်ငန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ ကျေးရွာ အုပ်စုအဆင့် ဘဏ္ဍာရေး သင်တန်းတွေ နည်းပညာ အစည်းအဝေးတွေ ဝယ်ယူရေး အစီအစဉ် ရေးဆွဲရေး အစည်းအဝေးတွေကို ကျင်းပ ဆောင်ရွက်ခဲ့ပြီး၊ စီမံကိန်း လုပ်ငန်းခွဲတွေကို စတင် အကောင်အထည်ဖော်လျက် ရှိရာမှာ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးစိုင်းတင်ထွန်းဦး၊ နည်းပညာ အကြံပေး အဖွဲ့ခေါင်းဆောင် ဦးအောင်မြတ်ထွဋ်တို့က တုံကွာ ကျေးရွာ အုပ်စု မိုးလှိုင်း ကျေးရွာ၊ ကုန်းမခံ ကျေးရွာ အုပ်စု ကုန်းမခံ ကျေးရွာ တို့မှာ အကောင်အထည်ဖော် ဆော်ရွက်လျက်ရှိတဲ့ ကျေးရွာ ဘက်စုံသုံး ခန်းမဆောင် တည်ဆောက်နေမှု အခြေအနေတွေကို ကွင်းဆင်း ကြည့်ရှု့ စစ်ဆေးပြီး၊ လိုအပ်တာတွေကို ကျေးရွာ ကော်မတီဝင်တွေကို လမ်းညွှန် မှာကြားခဲ့တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း မဘိမ်း မြို့နယ် လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်းမှာ ကျေးရွာ လူထု ရွေးချယ်ခဲ့တဲ့ စီမံကိန်း လုပ်ငန်းခွဲပေါင်း ၃၅ ခုကို အကောင်အထည်ဖော် ဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ကိုကိုအောင် (မဘိမ်း)

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank