ပန်းတောင်းမြို့နယ် စီမံကိန်း လုပ်ငန်းခွဲတွေကို ကြည့်ရှု့ စစ်ဆေး

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ်မှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဆောင်ရွက်လျက်ရှိတဲ့ လူထု ဗဟိုပြု စီမံကိန်း (စတုတ္ထနှစ် စက်ဝန်း) ဆောင်ရွက် ထားရှိမှုတွေကို အခုလ ၉ ရက်နေ့က ကွင်းဆင်း စစ်ဆေး ကြည့် ရှု့တယ်လို့ သိရပါတယ်။

တိုင်းဒေသကြီး ကျေးလက်‌ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီး လူထု ဗဟိုပြု စီမံကိန်း တာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး နည်းပညာ ဒေါ်ချောစုစံဟာ ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင် ဦးစီးမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဦး၊ မြို့နယ်က တာဝန်ရှိသူတွေနဲ့ အတူ ဇရပ်လှ အုပ်စု ညောင်ပင်သာ ကျေးရွာမှာ စီမံကိန်း ထောက်ပံ့ငွေနဲ့ သနီ ချောင်းကူး ကြိုးတံတား တည်ဆောက်ထားရှိမှုနဲ့ တလုပ်ပင် အုပ်စု တလုပ်ပင် ကျေးရွာမှာ ဘက်စုံသုံး ခန်းမ ဆောက်လုပ် ပြီးစီးမှု အခြေအနေတွေကို ကွင်းဆင်း ကြည့် ရှု့ စစ်ဆေးပြီး၊ စီမံကိန်း အထောက်အကူ ပြု ကော်မတီဝင်တွေနဲ့ တွေ့ဆုံကာ လုပ်ငန်းခွင် ဘေးအန္တာရာယ် ကင်းရှင်းရေးကို ပြောကြားခဲ့ပါတယ်။

အလားတူ ပြည်ခရိုင် ရွှေတောင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဆောက်လုပ်နေတဲ့ ရုံးသစ် ဆောက်လုပ်ခြင်းနဲ့ တိုင်းဒေသကြီး ရန်ပုံငွေနဲ့ ဆောင်ရွက်နေတဲ့ တောဇီးကုန်း ကျေးရွာ ကျေးလက် ကုန်ထုတ်လမ်း လုပ်ငန်းတွေကို ယခုလ ၉ ရက်နေ့က တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ချောစုစံ၊ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသိန်းထိုက်ဦးနဲ့ တာဝန်ရှိတွေက ကွင်းဆင်း ကြည့်ရှု့ စစ်ဆေးတယ်လို့ သိရပါတယ်။

သတင်း - မင်းမြင့်မိုရ် (ငါန်းဇွန်)

Credit – SkyNet Media Coverage

#NCDDP, #DRD, # MOALI, # WorldBank