သရက်ခရိုင် ကျေးရွာပေါင်း ၆၀ မှာ Cash for Work စီမံကိန်းကြောင့် အိမ်ထောင်စုပေါင်း ၉၀၀၀ ကျော် ဝင်ငွေရရှိခဲ့

Over 9000 Households Benefitted from Cash for Work Project in 6 townships of Thayet District

Magway, SkyNet Media Coverage

မကွေးတိုင်း ဒေသကြီး သရက်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက သရက်ခရိုင် သရက်မြို့နယ်၊ မင်းလှ မြို့နယ်၊ မင်းတုန်း မြို့နယ် ငဖဲမြို့နယ်၊ အောင်လံ မြို့နယ်နဲ့ ဆင်ပေါင်ဝဲ မြို့နယ်တို့ အတွင်းမှာ ရှိတဲ့ ကျေးရွာပေါင်း ၆၀ မှာ Cash for Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်တဲ့ အတွက်ကြောင့် အိမ်ထောင်စု ၉၂၀၃ ခုက ကျေးလက်နေ ပြည်သူတွေ အလုပ်အကိုင် ရရှိတယ်လို့ သိရပါတယ်။

အဲဒီ စီမံကိန်းကို သရက်ခရိုင်အတွင်းမှာ ရှိတဲ့ ကျေးရွာ ပေါင်း ၆၀ မှာ ကွန်ကရစ် လမ်းခင်းတာ မြေနီ ကျောက်စရစ် ခင်းတာ ၊ ရေနုတ်မြောင်း တူးဖော်တာနဲ့ မြေသားရေကန် တိုးချဲ့ ပြုပြင်တဲ့ လုပ်ငန်းတွေ ဖြစ်တဲ့ လုပ်ငန်းခွဲပေါင်း ၇၀ ကို မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဝန်ထမ်းတွေရဲ့ အနီးကပ် ကြီးကြပ်မှုနဲ့ ကျေးလက်နေ ပြည်သူတွေကိုယ်တိုင် ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့တဲ့ အတွက် ကြောင့် အချိန်တို အတွင်းမှာ လုပ်ငန်းအားလုံး ရာနှုန်းပြည့် ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Cash for Work စီမံကိန်း ဆောင်ရွက်ရာမှာ ကိုဗစ် ကာလအတွင်း အလုပ်လက်မဲ့ ဖြစ်နေသူတွေ အမျိုးသမီး ဦးဆောင် အိမ်ထောင်စုတွေ နဲ့ ဝင်ငွေ မရှိတဲ့ အိမ်ထောင်စုတွေကို ဦးစားပေးပြီး စီမံကိန်း လုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင် စေပြီးတော့ ဝင်ငွေ ရရှိအောင် ဆောင်ရွက်ပေးနိုင် ခဲ့ခြင်းကြောင့် အိမ်ထောင်စု ၉၀၀၀ ကျော်က လူဦးရေ ၃၅၀၀၀ ကျော် အကျိုးပြု ခဲ့ကြောင်းနဲ့ တစ်နေ့တာ လုပ်အားခအနေနဲ့ ကျား-မ တစ်ဦးကို ငွေကျပ် ၆၀၀၀ အထိ လက်ငင်းငွေ ပေးချေ စနစ်နဲ့ ဆောင်ရွက်ခဲ့တယ်လို့ သရက်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးကျော်ဆန်းဌေးထံကနေ သိရပါတယ်။

သတင်း -ဇော်မင်းဌေး

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage

https://youtu.be/ccMaGZEC6h8