ကိုဗစ်-၁၉ ကာလ စီးပွားရေး ကုစားမှု အနေဖြင့် ကမ္ဘာ့ဘဏ်က Cash for Work နှင့် ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်းများအတွက် ပံ့ပိုးပေး

ကမ္ဘာ့ဘဏ်သည် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားမှုကို နိုင်ငံတော် အစိုးရ အနေဖြင့် တုန့်ပြန်ဆောင်ရွက်ရာတွင် အကူအညီပေးရန်အတွက် ကမ္ဘာ့ဘဏ်၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြု စီမံကိန်း၏ အရေးပေါ် အခြေအနေ တုန့်ပြန်ဆောင်ရွက်ရေး စီမံကိန်း အပိုင်းကို ၂၀၂၀ ခုနှစ် ဇူလိုင်လတွင် စတင်သက်ဝင်လှုပ်ရှားစေခဲ့ပါသည်။

လူထု ဗဟိုပြု စီမံကိန်း ရန်ပုံငွေများထဲမှ အမေရိကန် ဒေါ်လာ သန်း ၁၁၀ ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနသည် ကိုဗစ်-၁၉ ကာလ စီးပွားရေး ကုစားမှု အစီအစဉ်အရ နိုင်ငံတစ်ဝန်း စီမံကိန်းများကို ဆောင်ရွက်ရာတွင် “ဝင်ငွေ ရရှိရေး အလုပ်အကိုင် ဖန်တီးပေး (Cash for Work) စီမံကိန်းဖြင့် ကျေးရွာ ပေါင်း ၂၅၀၀ ကျော်တွင် ကိုဗစ်-၁၉ ကြောင့် စီးပွားရေး ထိခိုက်ခဲ့ရသော (အမျိုးသမီး ၄၂ ရာခိုင်နှုန်း ပါဝင်သော) အိမ်ထောင်စုပေါင်း ၃၉၀, ၀၀၀ အား အကျိုးပြုလျက်ရှိပြီး၊ ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်း (Village Revolving Fund Project) ဖြင့်လည်း ကျေးရွာပေါင်း ၁၇၀၀ ကျော်မှ တောင်သူ လယ်သများများနှင့် ကုန်ထုတ်လုပ်သူများ အား ပံ့ပိုးပေးလျက် ရှိပါသည်။

ယခု အချိန်အထိ Cash for Work စီမံကိန်းဖြင့် ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခံစားခဲ့ရသော အိမ်ထောင်စုများမှ လုပ်သားများအား လုပ်ခ ကျပ် ၁၅ ဘီလီယံ ခန့်ကို ပေးချေကာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ပြီး၊ ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်း (Village Revolving Fund Project) ဖြင့် ကျပ် ၄၁ ဒသမ ၁ ဘီလီယံ ခန့်ကို ချေးယူသူ စုစုပေါင်း ၁၃၄,၈၁၆ ဦးအား ထုတ်ချေးပေးခဲ့ပြီး ဖြစ်သည်။

ဒုတိယအကြိမ် အနေဖြင့် လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနသည် Cash for Work စီမံကိန်းဖြင့် ကျေးရွာပေါင်း ၄၈၀၀ ခန့် တွင် လည်းကောင်း၊ ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်းဖြင့် ကျေးရွာပေါင်း ၇၀၀ ခန့်တွင် လည်းကောင်း စီမံကိန်း လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သည်။

 

Read English Version; https://cdd.drdmyanmar.org/mm/news-55474

Read Original or more details; https://bit.ly/3lj4bFi

https://www.facebook.com/WorldBankMyanmar/photos/a.526365764127028/3282206855209558