ရပ်စောက်မြို့နယ်အတွင်း ဆောင်ရွက်မည့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း Cash for Work နှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း အတွက် ရန်ပုံငွေ လွှဲပြောင်းပေးအပ်

Monday, July 27, 2020

၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေး နှစ်မှာ အကောင်အထည်ဖော် ဆောင်ရွက်မယ့် ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်း Cash for Work နှင့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းကို ဇူလိုင်လ ၂၅ ရက်နေ့ မနက်ပိုင်းက ရပ်စောက်မြို့နယ် ရာသာဝတီခန်းမမှာ ကျင်းပခဲ့ရာ ရှမ်းပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်ဟာ ရှမ်းပြည်နယ်အတွင်း ကျေးလက်ဒေသတွေမှာ ကုန်ထုတ်လုပ်မှုနဲ့ ကျေးရွာ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေး အထောက်အကူ ပြုစေမယ့် Cash for Work စီမံကိန်း ဆောင်ရွက်မှု ဆောင်ရွက်မှု အနေနဲ့ ကျေးရွာပေါင်း ၂၇၀၊ ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်း ဆောင်ရွက်မှု အနေနဲ့ ကျေးရွာပေါင်း ၂၅၆ ရွာတို့ကို ရွေးချယ်ခဲ့ပြီး၊ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ရပ်စောက်မြို့နယ် အတွင်းရှိ ကျေးရွာတွေမှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ရောဂါ အကျိုးဆက် သက်ရောက်ခြင်း ခံရတဲ့ ကျေးရွာတွေအတွက် Cash for Work စီမံကိန်း ကျေးရွာ ၁၀ ရွာနဲ့ ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်း ကျေးရွာ ၉ ရွာအား အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ရပ်စောက်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့်က အမှာစကား ပြောကြားပြီး၊ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေး နှစ်မှာ ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်း ဆောင်ရွက်မယ့် ရပ်စောက်မြို့နယ် အတွင်း ကျေးရွာ ၉ ရွာအား ရှမ်းပြည်နယ် ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးက ရန်ပုံငွေ ပေးအပ်ခဲ့ပါတယ်။

ရပ်စောက်မြို့နယ်အတွင်းရှီ Cash for Work စီမံကိန်းနဲ့‌ ဆောင်ရွက်မယ့် ကျေးရွာ ၁၀ ရွာ၊ ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်းနဲ့ ထပ်မံ အကောင်အထည်ဖော် ဆောင်ရွက်မယ့် ကျေးရွာ ၃ ရွာ နဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ မြစိမ်းရောင် ကျေးရွာ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်လိုတဲ့ အဆိုပြု ကျေးရွာ အုပ်စု ၃ အုပ်စုတို့ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ရန်ပုံငွေတွေကို ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

သတင်း - တောင်ကြီး သတင်း ဌာနခွဲ (MRTV)

https://www.mrtv.gov.mm/mm/news-82605