မုဒုံမြို့နယ်တွင် ကျေးရွာ ၄ ရွာ၌ Cash for Work စီမံကိန်းဖြင့် ကျေးလက် ဖွံ့ဖြိုးရေး လုပ်ငန်း များ ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီး

မုဒုံ စက်တင်ဘာ ၁၀

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် Cash for Work စီမံကိန်း ဆောင်ရွက်နေသော ကျေးရွာလေးရွာ တွင် လုပ်ငန်းများ ဆောင်ရွက်နေမှုမှာ ယခုအခါ ရာနှုန်းပြည့် ပြီးစီး နေပြီ ဖြစ်ကြောင်း မုဒုံ မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှသိရသည်။

ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှု သက်သာစေရေး စီမံချက် (CERP) အရCash for Work စီမံကိန်းကို မုဒုံမြို့နယ်ရှိ ကျုံပိုက်ကျေးရွာ၊ ကော့ခလွယ်ကျေးရွာ၊ ဘလောက်ကျေးရွာ၊ ဆက်သွယ် (ရွာသစ်) ကျေးရွာတို့၌ လမ်းဘေးရေနုတ်မြောင်း တူးဖော်ခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်း၊ ဂဝံမြေသားလမ်းခင်းခြင်း တို့ကိုဆောင်ရွက်ခြင်းဖြစ်ပြီး အဆိုပါ Cash for Work စီမံကိန်းကို ဇူလိုင်လ ၂၄ရက်မှ စတင်အကောင် ထည်ဖော် ဆောင်ရွက်ခဲ့ပြီး ဩဂုတ်၃၁ရက်တွင် စီမံကိန်းလုပ်ငန်းများ ပြီးစီးခဲ့ရာ ယင်းစီမံကိန်းကြောင့် ကျေးရွာလေးရွာရှိ ပြည်သူ (၄၆၃)ဦး အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေများ ရရှိခဲ့ ကြောင်းသိရသည်။

Cash for Work စီမံကိန်းသည်ကိုဗစ်-၁၉ကာလအတွင်း နိုင်ငံတော်၏ အရေးပေါ် တုံ့ပြန်ရေး အစီအစဉ်တစ်ခုဖြစ်ပြီး ကိုဗစ်-၁၉စီးပွားရေးကုစားမှု အစီအစဉ်ကို အထောက် အကူပြုခြင်း၊ ပြည်သူများ ချက်ချင်းဝင်ငွေရရှိခြင်း၊ ကျေးရွာဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ ကုန်ထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်း များ ဆောင်ရွက်ခြင်းနှင့် လယ်ယာ၊သားငါး ကဏ္ဍ ဖွံ့ဖြိုးမှုကို အထောက်အကူပြုသည့် စီမံကိန်းဖြစ်ကြောင်းသိရသည်။

အောင်မျိုးသူ(မုဒုံ)

#CFW, #CERP, #DRD, #MOALI

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/9938