ထန်တလန်မြို့နယ် အတွင်း CERP အစီအစဉ်အရ ဆောင်ရွက်သည့် စီမံကိန်း လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီး

Covid-19 Economic Relief Plan Project Activities in Thantlang Completed 100 Percent

Chin, 30 September 2020, Myanmar Digital News

ထန်တလန် ၃၀ စက်တင်ဘာ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဟားခါးခရိုင်၊ ထန်တလန် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ် အတွင်း Covid-19 ကာလ ကျေးလက်နေ ပြည်သူများ ဝင်ငွေရရှိစေရန် Cash For Work စီမံကိန်း ရန်ပုံငွေကျပ် သန်း(၁၀၀)ဖြင့် ကျေးရွာ(၁၀)ရွာတွင် စီမံကိန်း လုပ်ငန်းများကို လည်းကောင်း ၊ Covid-19 ကာလ စီးပွားရေး ပြန်လည်ကုစားသည့် အစီအစဉ်အရ ကျေးရွာ မတည်ရန်ပုံငွေ (VERP) စီမံကိန်းဖြင့် ကျေးရွာ(၅)ရွာတွင် ချေးငွေ ထုတ်ချေးပေးမှု စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၅ ရက်က လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်သည်။

အဆိုပါ Covid-19 ကုစာရေးအစီအစဉ် Cash For Work စီမံကိန်း ထောက်ပံ့ငွေဖြင့် တောင်ယာသွားလမ်း ဖောက်လုပ်ခြင်း လုပ်ငန်း (၅)ခု၊ ကုန်ထုတ်လမ်း ပြုပြင်ခြင်းလုပ်ငန်း (၁)ခု၊ ရေပိုက်လိုင်း တူးဖော်ခြင်း လုပ်ငန်း (၁)ခု၊ ရေအားလျှပ်စစ် မီးသွားသည့် လမ်းဖောက်လုပ်ခြင်း လုပ်ငန်း(၁)ခု၊ အားကစားကွင်း ပြုပြင်ခြင်း လုပ်ငန်း (၂)ခု စုစုပေါင်း လုပ်ငန်း(၁၀)ခုကို ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။ ကျေးရွာ မတည်ရန်ပုံငွေ (VERP) စီမံကိန်းဖြင့် Type-1 ကျပ်သိန်း(၃၀၀)ဖြင့် ကျေးရွာ(၁)ရွာ ၊ Type-2 ကျပ်သိန်း(၂၀၀)ဖြင့် ကျေးရွာ (၂)ရွာ ၊ Type-3 ကျပ်သိန်း (၁၀၀) ဖြင့် ကျေးရွာ(၂)ရွာ စုစုပေါင်း ကျေးရွာ(၅)ရွာတွင် ချေးငွေများ ထုတ်ချေးပေးမှု ဆောင်ရွက်ပြီး ယခုအခါ ကျေးရွာနေ ပြည်သူများမှ မတည်ရန်ပုံငွေ စီမံကိန်းဖြင့် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း ၊ အရောင်းအဝယ်လုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်နိုင်ပြီး ကျေးလက်နေ ပြည်သူများ၏ စားဝတ်နေရေး များစွာ အထောက်အကူပြု ကြောင်း ထန်တလန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

နော်သူလင်း

#CFW, #CERP, #DRD, #MOALI

Credit – Myanmar Digital News

http://www.mdn.gov.mm/index.php/my/thnttlnmiunyattng-cerp-aciiacnyar-cheaangrksnny-ciimnkinlupngnmaa-raanunpnny-piicii