တပ်ကုန်း မြို့နယ်အတွင်း Cash for Work စီမံကိန်း ကျေးရွာ ၃၁ ရွာရဲ့ စာရင်း ဇယားတွေကို ကွင်းဆင်းစစ်ဆေး

Documentation for Cash for Work Project in 31 Villages of Tetkon Monitored by Respective Officials

Naypyitaw, 22 October 2020, SkyNet Media Coverage

ပြည်ထောင်စု နယ်မြေ နေပြည်တော် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ဒုတိယ ညွှန်ကြားရေးမှူး (နည်းပညာ) ဦးတင်မောင်အေးနဲ့ အဖွဲ့ဟာ အောက်တိုဘာလ ၂၁ ရက်နေ့က တပ်ကုန်း မြို့နယ်အတွင်း Cash for Work စီမံကိန်း ဆောင်ရွက်ခဲ့တဲ့ ကျေးရွာ ၃၁ ရွာရဲ့ လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ စာရင်း ဇယားတွေ ပြုစု ထားရှိမှု အခြေအနေတွေကို ကွင်းဆင်း စစ်ဆေးခဲ့ပြီး စီမံကိန်း လုပ်ငန်းတွေ ရေရှည် တည်တံ့ ခိုင်မြဲရေးအတွက် ဝိုင်းဝန်း ထိန်းသိမ်း ကြပ်မတ်ဆောင်ရွက်ကြဖို့ မှာကြားခဲ့ပါတယ်။

ပြည်ထောင်စု နယ်မြေ နေပြည်တော် ဥတ္တရခရိုင် တပ်ကုန်း မြို့နယ်မှာ Cash for Work စီမံကိန်းကို ကျေးရွာ ၃၁ ရွာမှာ အကောင်အထည်ဖော် ‌ဆောင်ရွက်ခဲ့ရာ စီမံကိန်း လုပ်ငန်းတွေအားလုံး စက်တင်ဘာလက ပြီးစီးခဲ့ကြောင်း တပ်ကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးဆက်နိုင်ထွန်းဆီက သိရှိရပါတယ်။

ဆက်ချစ် (ကျေးလက်)

#CFW, #NCDDP, #DRD, #MOALI, #WorldBank

Credit- SkyNet Media Coverage