ဝန်းသိုမြို့၌ Cash For Work စီမံကိန်း စီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်

ဝန်းသို၊ ဇူလိုင် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်မည့် Cash For Work စီမံကိန်း စီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါသင်တန်းသို့ Cash For Work စီမံကိန်းဆောင်ရွက်မည့် ကျေးရွာ(၆)ရွာမှ ကော်မတီဝင် (၃၈)ဦး တက်ရောက်သင်ကြားပြီး မြို့နယ်ကျေးလက်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက စီမံကိန်းတွင် ဦးစီးဆောင် ရွက်မည့် ကော်မတီဝင်များ၏ တာဝန်များ၊ စီမံကိန်းတွင်ပါဝင်ရမည့် အိမ်ထောင်စုရွေးချယ်ပုံ စသည့်စီမံ ခန့်ခွဲမှုဘာသာရပ်များကိုလည်းကောင်း၊ CFW စီမံကိန်းမြို့နယ်တာဝန်ခံ အငယ်တန်းအင် ဂျင်နီယာ-၂ ဒေါ်အိမွန်ဟိန်းက စီမံကိန်း လုပ်ငန်းရွေးချယ်ခြင်းနှင့် ငွေကြေးစီမံခန့်ခွဲခြင်းဘာသာရပ်များကိုလည်းကောင်း သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ ကျေးလက်ဒေသနေ မိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက်အခဲများကို ကုစားပေးနိုင်ရန် အတွက် ဝန်းသိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash For Work စီမံကိန်းကို မော်နိုင်းကျေးရွာ၊ သဖန်းဆိပ်ကျေးရွာ၊ အရှေ့စက်ကျေးရွာ၊ ကျောက်တိုင်ကျေးရွာ၊ မြင်သာကုန်းကျေးရွာနှင့် လေးရွာ ကျေးရွာတို့တွင် စီမံကိန်းထောက်ပံ့ငွေကျပ်သိန်း(၁၀၀)စီဖြင့် ကျေးရွာကုန်ထုတ်လုပ်မှုနှင့် အခြေခံ အဆောက်အဦ ဖွံ့ဖြိုးရေးတိုးတက်ရေးလုပ်ငန်းများကို ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်မြိုင် (ပြန်/ဆက်)

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8/15/07/2020/id-23918