ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် နှင့်အဖွဲ့ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်အတွင်း စီမံကိန်းလုပ်ငန်းများကို ကွင်းဆင်း စစ်ဆေး

ရန်ကုန်တိုင်း ဒေသကြီး လှည်းကူးမြို့နယ် အတွင်းမှာ ဝါးရုံစွန်း ကျေးရွာမှာ Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေနဲ့ လမ်းဘေး ဝဲယာ ရေနုတ်မြောင်း တူးဖော်ခြင်းနဲ့ သနပ်ပြင်ကျေးရွာမှာ ကျေးရွာ ဖွံ့ဖြိုးရေး ရန်ပုံငွေ VDP နဲ့ ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်မှုတွေကို ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် နဲ့ တာဝန်ရှိသူတွေဟာ ဇွန်လိုင်လ ၃၁ ရက်နေ့ မနက် ၁၀ နာရီက ကွင်းဆင်း စစ်ဆေး ခဲ့ပါတယ်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ် ဦးခန့်ဇော် ရန်ကုန်တိုင်း ဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်လင်းသန်းနဲ့ ခရိုင်၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တာဝန်ရှိသူတွေဟာ ဝါရုံစွန်း ကျေးရွာမှာ Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေနဲ့ လမ်းဘေး ဝဲယာ ရေနုတ်မြောင်း တူးဖော်တာနဲ့ သနပ်ပြင်ကျေးရွာမှာ ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်း VDP နဲ့ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုတွေကို ကြည့်ရှု့ စစ်ဆေးခဲ့ပါတယ်။

ဆက်လက်ပြီးတော့ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်ဟာ ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လှည်းကူးမြို့နယ် ရုံးဝန်ထမ်းတွေနဲ့ တွေ့ဆုံပြီးတော့ လိုအပ်တာတွေကို ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါတယ်။

သတင်း - သန်းလွင် (မကွေး)