မောက်မယ်မြို့နယ် လူထုဗဟိုပြုစီမံကိန်း Cash for Work စီမံကိန်းနဲ့ ကျေးရွာ မတည်ရန်ပုံငွေ လုပ်ငန်းများကို ပြည်နယ် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု့

စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန နဲ့ကမ္ဘာ့ဘဏ် တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ရှမ်းပြည်နယ် တောင်ပိုင်း၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်စက်ဝန်း) စီမံကိန်းနယ်မြေကို ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဉီးမောင်မောင်ဝင်းဟာ ဩဂုတ်လ ၂၈ ရက်နေ့မွန်းလွဲပိုင်း (၄)နာရီခန့်က ကွင်းဆင်းစစ်ဆေးတယ်လို့ သိရပါတယ်။

ရှေးဦးစွာ မြို့နယ် ကျေးလက်ရုံးမှာ ရှိတဲ့ ဝန်ထမ်းတွေနဲ့ လူထုဗဟိုပြုစီမံကိန်းရုံးက ဝန်ထမ်းတွေကို တွေ့ဆုံပြီး၊ လုပ်ငန်း ဆောင်ရွက်နေမှုတွေနဲ့ အခက်အခဲ၊ လိုအပ်ချက်တွေ မေးမြန်းဆွေးနွေးခဲ့ကာ မြို့နယ်ဉီးစီးမှူး ဉီးစိုင်းစံထွန်းလင်းက CFW နဲ့ VRFP လုပ်ငန်း ဆောင်ရွက်နေမှုတွေကို ရှင်းလင်း တင်ပြခဲ့ပြီး၊ လူထုဗဟိုပြု စီမံကိန်း တာဝန်ခံ ဦးဝင်းမြတ်သူက စီမံကိန်း ဒုတိယနှစ် စက်ဝန်း ဆောင်ရွက်ပြီးစီး နေမှုတွေနဲ့ ရှေ့နှစ်အတွက် အကောင်အထည်ဖော် ဆောင်ရွက်သွားမယ့် လုပ်ငန်းစဉ်တွေကို ရှင်းလင်း တင်ပြခဲ့ပါတယ်။

အဲဒီနောက် ဟိုလွိုင်အုပ်စုအတွင်းမှာရှိတဲ့ CFW စီမံကိန်းနဲ့ လမ်းပြုပြင်ခြင်းလုပ်ငန်း အကောင်အထည်ဖော် ဖော်ဆောင်ရွက်နေတဲ့ ကျောင်းခမ်းကျေးရွာနဲ့ လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ရံပုံငွေနဲ့ ကွန်ကရစ်လမ်း လုပ်ငန်း ဆောင်ရွက်ပြီးစီးတဲ့ ဟိုပုံးကျေးရွာကို ကွင်းဆင်းစစ်ဆေး ကြည့်ရူ့ခဲ့ပြီး ကျေးရွာလူထု၊ ကော်မတီဝင်များနဲ့ တွေ့ဆုံခဲ့ပြီး လိုအပ်တာတွေကို လမ်းညွှန် မှာကြားခဲ့တယ်လို့ သိရပါတယ်။

သတင်း - ဉာဏ်လင်း

#NCDDP, #DRD, #MOALI, #WorldBank

Credit- SkyNet Media Coverage